My Lifeblood(Final part)

16.8K 865 64
                                    

(Unicode)

အိမ်အပြန်လမ်းလေးတစ်လျှောက် နိုင်းနဲ့ပေလွှာတို့နှစ်ယောက်လုံးစကားလည်းတစ်ခွန်းမျှမပြောဖြစ်ကြ၊တိတ်ဆိတ်စွာဘဲပြန်လာခဲ့ကြသည်။

ကျွီ.........

နိုင်းကားကိုမြင်မြင်ခြင်း တံခါးလာဖွင့်ပေးတဲ့ခြံစောင့်လေးကြောင့် နိုင်းစောင့်ဆိုင်းစရာမလိုတော့ဘဲခြံအတွင်းသို့သာ မောင်းဝင်လာခဲ့သည်။

တီ..........

နိုင်းကားပေါ်ကဆင်းပြီး ပေလွှာ့အားကားတံခါးဖွင့်ပေးလိုက်သည်။ကားပေါ်ကထဲက မျက်နှာသိပ်မကောင်းတဲ့ပေလွှာ ဘာကိုအလိုမကျဖြစ်နေမှန်းနိုင်းမသိတော့ပါ။အခုလည်းကားပေါ်ကဆင်းဆင်းခြင်း ညိုးနေဆဲမျက်နှာလေးကိုဘဲတွေ့ရပြန်သည်။

ညိုးနေတဲ့ပေလွှာ့မျက်နှာကိုမြင်နေရသည်ကလည်း နိုင်းအတွက်အဆင်မပြေပါ။ပေလွှာမျက်နှာညိုးနေရင် ရင်အပူရဆုံးနဲ့စိုးရိမ်ရဆုံးကသူဘဲမို့ အခုလည်းနိုင်းမနေနိုင်စွာဖြင့်......

"နေမကောင်းဘူးလားပေလွှာ ပါးကနာနေလို့လား၊မောင်တို့ဆေးရုံဘဲပြန်သွားကြမလားဟင်...ကျစ် မောင်တော့မင်းကိုဆေးရုံကအမြန်ဆင်းခိုင်းမိတာမှားပြီထင်ပါတယ်"

တစ်ပွစိစိနဲ့သူ့ကိုယ်သူအပြစ်တင်စကားတွေကိုထပ်တလဲလဲပြောနေတဲ့ နိုင်းကြောင့်ပေလွှာပျော်ရမည်လား...စိတ်မကောင်းရမည်လားပင်မသိ။နိုင်းရဲ့ဂရုစိုက်မှုတွေကိုလိုလားပေမဲ့ အသေးအဖွဲတိုင်းကိုတော့စိတ်ပူမနေစေချင်တာကြောင့်.......

"ငါနေကောင်းပါတယ်မောင်ရယ် ပါးလဲမနာဘူးအဆင်ပြေတယ်၊ငါ နှိုင်းနဲ့မောင့်အတွက်စိတ်မကောင်းဖြစ်ယုံပါဘဲ"

"ဟ...ဘာဆိုင်လို့သူ့လိုမိန်းမမျိုးအတွက်စိတ်မကောင်းဖြစ်နေရတာလဲ၊ပြီးတော့မောင်ကကောဘာဖြစ်နေလို့စိတ်မကောင်းဖြစ်နေရတာလဲ"

"မောင့်အဖိုးတစ်ယောက်လုံးဆုံးသွားတာဘယ်လိုမှမနေဘူးလားမောင်"

နိုင်းဖြေလုဆဲဆဲမှာဘဲ........

"ဘယ်လိုမှနေဖို့မလိုပါဘူးသား"

အိမ်ထဲကထွက်လာပြီး ပြောလာတဲ့ဒေါ်မိုးနတ်ကြောင့်နိုင်းအနောက်သို့ချက်ချင်းလှည့်ကြည့်မိ၏။အခန်းထဲကမထွက်တာနှစ်ပေါင်းအတော်ကြာနေပြီဖြစ်တဲ့သူမကို နိုင်းအခုလိုမြင်ရမည်ဟုထင်မထားချေ၊နိုင်းအံ့အားသင့်စွာဘဲ.......

My Lifeblood(complete)Where stories live. Discover now