My Lifeblood(Part 9)

14.1K 1.2K 102
                                    

(Unicode)

ဖြန်း..........

သူပွေ့ချီလာတဲ့ပေလွှာ့အားနိုင်းကုတင်ပေါ်မှာချပေးလိုက်ရာ မထင်မှတ်ထားဘဲသူရလိုက်သည်ကသူ့ပါးပြင်အားပူနွေးသွားစေသည့်လက်ဝါးတစ်ချက်ဘဲဖြစ်၏။နိုင်းမယုံကြည်နိုင်တဲ့အကြည့်များဖြင့် ကောင်လေးအားကြည့်မိတော့ကုတင်ပေါ်မှာငုတ်တုတ်တုတ်လေးဖြစ်နေတဲ့ကောင်လေးက ရုတ်တရက်မတ်တပ်ရပ်လာပြီး..........

"ငါမင်းကိုမုန်းမိအောင်လာမလုပ်နဲ့နိုင်းနတ်ဆေး........"

ကွဲအက်နေတဲ့အသံများနှင့်အတူ ငိုသံပါကြီးနဲ့ပြောနေတဲ့ပေလွှာ့အသံကအခန်းတစ်ခန်းလုံးဟိန်းခနဲထွက်ပေါ်သွားသည်။နိုင်းကိုကြောက်သည့်စိတ်ထက်ဒေါသထွက်နေသည့်စိတ်ကပိုကြီးထွားနေတော့ နိင်းမကြိုက်တဲ့အသုံးအနှုန်းကိုဘဲပေလွှာသုံးနှုန်းလိုက်လေသည်။နိုင်းစိတ်ဆိုးလည်းသူမတက်နိုင်။

"ပေလွှာ....မောင်"

တုန်ယင်နေတဲ့လက်ကလေးများအား နိုင်းဆွဲကိုင်ဖို့ကြိုးစားလိုက်ချိန်သူ့လက်များပေလွှာ့လက်အားကိုင်ယုံမျှသာရှိသေး...............

"ငါ့အသားကိုမထိနဲ့"ဆိုတဲ့ကောင်လေးကနိုင်းအားပြောပြောဆိုဆိုဖြင့်စောင့်တွန်းထုက်လေ၏။အတွန်းထုတ်ခံလိုက်ရတဲ့နိုင်းမှာတော့ အံသြမှုများစွာတစ်ပြိုင်နက်ခံစားလိုက်ရသည့်အလား​ကြောင်အမ်းနေသည်။

သူ့လက်အားဆွဲကိုင်လာတဲ့နိုင်းရဲ့လက်များကိုပေလွှာဖယ်ချပြီး နိုင်းကိုစောင့်တွန်းလိုက်ရာ အနည်းငယ်အားလွန်သွားသဖြင့်သူပါလဲကျမလိုဖြစ်သွားသည်။သို့သော်လည်းအချိန်မှီဟန်ချက်ပြန်ထိန်းနိုင်လိုက်တာကြောင့် ပေလွှာ့ကိုယ်ကလဲကျမသွားပေ။ထို့နောက်တစ်သွင်သွင်စီးကျနေတ​ဲ့မျက်ရည်များအားပေလွှာအကြမ်းပတမ်းသုတ်ပစ်လိုက်ကာ.........

"မင်းအရှက်မရှိပေမဲ့ငါအရှက်ရှိတယ်....။ငါအကန်းတစ်ယောက်ဖြစ်နေတယ်ဆိုပေမဲ့.....ငါမမြင်နိုင်တဲ့လူတွေကိုငါရှက်တက်သေးတယ်နိုင်းနတ်ဆေး"

ပေလွှာရဲ့ဦးတည်ချက်မရှိတဲ့အကြည့်တွေနဲ့စကားလုံးတွေက နိုင်းရင်အားအကြိမ်ကြိမ်ထိုးနှက်နေသည့်အလားနာကျင်စေသည်။ပူလောင်ရစေသည်။စိတ်လက်မာန်ပါလုပ်ခဲ့တဲ့အရာတစ်ခုက ပေလွှာ့ကိုအရှက်ရစေဖို့နိုင်းတစ်ကယ်မရည်ရွယ်ခဲ့ပါ။ဒါတောင်နိုင်းလက်မလျှော့လေဘဲ ပေလွှာ့လက်ကလေးနှစ်ဖက်လုံးကိုထပ်မံဆွဲကိုင်လိုက်ချိန် ရုန်းမြဲရုန်းနေတဲ့ကောင်လေးကလဲဆက်ရုန်းနေသလို နိုင်းလည်းလက်လွတ်မခံဘဲမြဲမြံ၀ွာဆွဲကိုင်ထားဆဲ .........

My Lifeblood(complete)Where stories live. Discover now