My Lifeblood(Part 11)

12.8K 979 56
                                    

(Unicode)

"မောင်တို့ဒီကိစ္စကိုဒီမှာဘဲရပ်လိုက်ရအောင်"

"ငါထင်ပါတယ် မောင်ကငါ့ကိုမချစ်ဖူးပါဘူး။ကစားယုံသက်သက်ပါဘဲ"

မောင့်အနားကထွက်ခွာချင်နေခဲ့တဲ့ငါက...မောင်ပြန်ဖြေမဲ့အဖြေလေးကိုတော့တစ်ကယ်ကြားချင်မိခဲ့တာမောင်ရယ်။ငါမောင့်အပေါ်တွယ်တာနေပြီလား.......

ထိုအချိန်တင်းကြပ်စွာဆုပ်ကိုင်လာတဲ့နိုင်းလက်အစုံကို ပေလွှာမတွန်းလှန်မိ။လက်ပေါ်တင်ထားတဲ့ခေါင်းလေးကိုသာမော့မိသည်။တစ်ဆက်ထဲမှာဘဲ.........

ဂျီ.........

ပေလွှာထိုင်နေတဲ့ခုံလေးဆွဲလှည့်ခြင်းခံလိုက်ရတာကြောင့် ပြုတ်ကျမှာကြောက်သည့်အသိတစ်ခုနဲ့ဆွဲမိဆွဲရာလိုက်ရာဆွဲလိုက်မိသည်။သူဆွဲကိုင်လိုက်မိသည်ကလဲနိုင်းပခုံးဖြစ်နေ၏။

ပေလွှာထိုင်နေတဲ့ခုံလေးအားဆွဲလှည့်လိုက်တဲ့နိုင်း မျက်ရည်စလေးများစိုနေတဲ့ကောင်လေးကိုမျက်နှာခြင်းဆိုင်ထိုင်စေသည်။ထိုကောင်လေးသူ့အားမမြင်နိုင်ရင်တောင် ကောင်လေးမျက်နှာကိုကြည့်ပြီးစကားပြောရတာကိုမှအားရတာနိုင်းရဲ့လုပ်ယူစရာမလိုတ​ဲ့အကျင့်တစ်ခု။တစ်နည်းအလိုလိုတက်မြောက်လာတဲ့အကျင့်တစ်ခုလို့တောင်ဆိုရလိမ့်မည်။အခုလည်းသူ့လက်များက မျက်ရည်စလေးများစိုနေတဲ့ကောင်လေးရဲ့ပါးပြင်သို့အလိုလိုရောက်သွားပြီး မျက်ရည်လေးများသုတ်ပေးနေရင်းက.........

"မောင်ပြောမယ်သေချာနားထောင်"

တိတ်ဆိတ်ပြီးခွန်းတုန့်ပြန်ခြင်းမရှိတဲ့ကောင်လေးပုံစံကသူပြောမဲ့စကားတွေကိုဘဲနားစွင့်နေသလို။ငြိမ်သက်စွာဘဲနားထောင်နေရှာသည်။

"မင်းတစ်ခါမေးဖူးတယ်...မင်းအတွက်မောင်ဘာပန်းရည်ရွယ်စိုက်ပျိုးချင်လဲတဲ့"

".........."

"မောင်ကလေ မင်းအတွက်ရည်ရွယ်ပြီးဘာပန်းမှမစိုက်ပျိုးချင်ဘူးပေလွှာ၊ပန်းပျိုးတဲ့ဉယျာဥ်မှူးလဲမောင်မဖြစ်ချင်ဘူး။တစ်နေ့မောင်ပျိုးထားတဲ့ပန်းလေးကိုမောင်ပြန်ခူးရတဲ့အခါ မောင့်ပန်းလေးအထိနာသွားမှာ​မောင်မလိုလားသလို ပင်ယံထက်မှာအလှကြည့်ရင်းလည်းအကြွေမခံနိုင်ဘူး။မောင်ကမင်းအတွက်ဆိုမင်းကိုတစ်ဖန်အလင်းပြန်ပေးနိုင်မဲ့နေမင်းကြီးဘဲဖြစ်ချင်တာ။မင်းကတော့မောင့်အလင်းရောင်ခြည်နဲ့ လင်းထိန်နိုင်တဲ့လမင်းလေးပေါ့"

My Lifeblood(complete)Where stories live. Discover now