My Lifeblood (Part 5)

19.8K 1.6K 305
                                    

(Unicode)

ရှေ့နေကြီးစီစဥ်ပေးထားတ​ဲ့လက်ထပ်စာချုပ်လေးနဲ့အထုတ်လေးတစ်ထုပ်ကိုကိုင်ပြီးပေလွှာရှိရာသို့လှမ်းလာနေတဲ့နိုင်းရဲ့မျက်နှာထက်ဝယ် ပီတီဖြာနေတဲ့အပြုံးတွေကိုဆင်မြန်းထားလေသည်။ပန်းဆီရောင်လက်ထပ်စာချုပ်လေးပေါ်မှာပုံဖော်ထားတဲ့အသည်းပုံလေးတွေကအစနိုင်းအသေးစိတ်ကြည့်ပြီးအပြုံးပင်မရပ်နိုင်တော့ချေ။နိုင်း ပေလွှာ့ဆီကိုရောက်ဖို့မစောင့်နိုင်တော့သဖြင့် ခြေလှမ်းများကိုမြန်သည်ထက်မြန်အောင်လျှောက်လာခဲ့ရာ ပေလွှာ့အိမ်ရှေ့အရောက်နိုင်းမြင်လိုက်ရသည်ကပေလွှာမဟုတ်တဲ့တစ်ခြားယောကျာ်းတစ်ယောက်ခြံတံခါးပိတ်နေခဲ့သည်ကိုသာ။

တံခါးပိတ်ဖို့လုပ်နေခဲ့တဲ့ထိုလူခြံရှေ့မှာရပ်နေတဲ့နိုင်းကိုမြင်ပြီး သော့ခတ်တော့မဲ့သူ့လက်များရပ်တန့်သွားပြီး..................

"ဘာကြည့်နေတာလဲ"

သူ့ကိုပြန်ပြီးမေးခွန်းထုတ်နေတဲ့ထိုလူ့ကိုနိုင်းမကြည်ပေါက်နဲ့ကြည့်ပြီး.............

"ခင်ဗျားကဘယ်သူလဲ....ပေလွှာ့အိမ်ကိုဘာလို့ရောက်နေတာလဲ"

နိုင်းရဲ့အမေးမှာထိုလူရဲ့မျက်နှာကတစ်ခုခုကိုဖုံးကွယ်ချင်နေသည့်အလား မျက်နှာပျက်နေခဲ့လေသည်။ထိုလူ့ဆီကအရက်နံ့များကိုခြံအပြင်ကတောင်အနံ့ရနေသည့်နိုင်း ထိုလူ့ကိုလုံးဝမသင်္ကာပါ။အိမ်ထဲကိုမှာပေလွှာ့ကိုမြင်ရလေမလားနိုင်းကြည့်ခဲ့ပေမဲ့ ပေလွှာ့ကိုအရိပ်အယောင်တောင်မမြင်ရပေ။

"တောက်....မေးနေတာဖြေလေ"

အနည်းငယ်တင်းမာလာတဲ့လေသံဖြင့်ထပ်မေးနေတဲ့နိုင်းအမေးကိုသူပြန်မဖြေ....တံခါးကိုသာတုန်တုန်ယင်ယင်နဲ့အတင်းသော့ခတ်ဖို့လုပ်လေသည်။မူမမှန်တဲ့ထိုလူ့လုပ်ရပ်တွေကပုံမှန်မဟုတ်ကြောင်းပြနေခဲ့ရာနိုင်းစိတ်မရှည်တော့တဲ့အဆုံး ထိုလူသော့ခတ်လို့မရသေးခင်မှာဘဲ ...............

ဘမ်း...........ဒုန်း...........

ခြံတံခါးကိုစောင့်ကန်ပြီးနိုင်းခြံထဲဝင်လာခဲ့၏။

ခြံတံခါးကိုစောင့်ကန်ဝင်လာတဲ့နိုင်းရဲ့လုပ်ရပ်မှာ ထိုလူအိုးတို့အန်းတန်းဖြစ်သွားပုံပေါ်သည်။နိုင်းသူ့ဘာမှပြန်မလုပ်နိုင်ဘဲကြောင်ရပ်နေတဲ့သူ့ကို ခြံထဲရောက်ရောက်ခြင်းလက်ထဲမှာပါလာတဲ့စာချုပ်နဲ့အထုတ်လေးကိုမြေပြင်ပေါ်သို့ပစ်ချပြီး ထိုလူ့အားတရတစပ်မရပ်မနားထိုးနှက်လေသည်။နိုင်းသူ့ကိုအကျိုးအကြောင်းမေးခဲ့ပါတယ်....သူ့စိတ်သူမလုံဘဲနိုင်းအမေးကိုပြန်မဖြေနိုင်တဲ့ထိုလူကသာနိုင်းကိုလက်ပါအားသုံးရလေအောင်လုပ်ခဲ့တာပါ။

My Lifeblood(complete)Where stories live. Discover now