My Lifeblood(Part 6)

17.3K 1.4K 159
                                    

(Unicode)

"ဟယ်လို...အကိုနိုင်း"

မိတ်ကပ်ပြင်နေတဲ့ပေလွှာ့ကိုခဏထားခဲ့ပြီး နိုင်းBeauty Salonအပြင်တစ်နေရာမှ ယွန်းမှီဆီဖုန်းဆက်နေခြင်းဘဲဖြစ်၏။

"ဘေးမှာမေမေရှိလားမှီ"

"ရှိတယ်အကိုနိုင်း"

"မေမေ့ကိုဖုန်းပေးလိုက်"

"ဟုတ်ကဲ့"

နိုင်းသူ့မိခင်ဖုန်းပြန်ဖြေမဲ့အချိန်ကိုစောင့်ရင်း ပေလွှာမသိအောင်သူယူဆောင်လာတ​ဲ့ပေလွှာ့အင်္ကျီအဝတ်အစားထုပ်လေးကိုသာငေးလို့နေသည်။တစ်ဖက်မှ.......

"သား"

ဘယ်အချိန်ကြားကြား ဒေါ်မိုးနတ်ထံမှ'သား"
'ဟူသည့်ခေါ်သံလေးကတော့နိုင်းကိုခွန်းအားများပေးနေသလို.....။

"မေမေ.....ကျွန်တော်လေကျွန်တော်မလုပ်ချင်တဲ့အရာတစ်ခုကိုလုပ်နေမိပြီမေမေ။ဖေဖေသာဆိုရင်ဘာလုပ်မယ်ထင်လဲ"

"သားရယ်....သားဖေဖေဘာလုပ်မယ်ဆိုတာမေးတာထက်....သားသာဆိုရင်ဘာလုပ်မလဲဆိုတာဘဲမေးပါ....နိုင်းနတ်ဆေးကသူမလုပ်ချင်တဲ့အရာတစ်ခုကိုလုပ်မှာလား

"သားသာဆိုရင်......".....ပြောကာဖုန်းချလိုက်တ​ဲ့နိုင်း Beauty Salonအတွင်းသို့သာပြေးဝင်လာသည်။နိုင်းသူ့ကိုယ်သူပြန်မေးရင်းပြောမိတဲ့စကားတစ်ခွန်းကလဲ..........

"မင်းရဲ့နဂိုပုံစံအတိုင်းလေးဘဲမြင်ချင်တာပေလွှာ"လို့သာပြောနေမိခဲ့သည်။

နိုင်း ပေလွှာတို့အနားသို့ရောက်ချိန်အနီရောင်ချိတ်ထဘီလေးနဲ့ရင်ဖုံးအင်္ကျီလေးက ပေလွှာ့ကိုယ်ပေါ်မှာသေသပ်စွာနေရာယူထားလေသည်။ကျောအထိရှည်လျားတဲ့ဆံပင်တု၊ဆေးဆိုးပန်းရိုက်ထားတဲ့မျက်နှာလေးကကျောက်စိမ်းရောင်မျက်ဝန်းလေးတွေပိုင်ဆိုင်ထားတဲ့ကောင်လေးရဲ့အလှနဲ့လိုက်ဖက်နေခဲ့၏။

"ငါဘယ်လိုနေလဲမောင်...."

ခါးတိုရင်ဖုံးအင်္ကျီလေးကိုဆွဲချရင်းမေးလာတဲ့ပေလွှာ။

"မင်းသိပ်လှတယ်ပေလွှာ...."

နိုင်းပြောသလိုပေလွှာလှလွန်းလှပါသည်.....နိုင်းအမြင်မှာကော Beauty Salonကဝန်ထမ်းမလေးတွေရဲ့အမြင်မှာကော​ေပါ့။ပေလွှာလှလွန်းပေမဲ့ နိုင်းသူ့ရှေ့ကမိန်းကလေးတစ်ယောက်ပမာဝတ်စားဆင်ယင်ထားတဲ့ပေလွှာ့ကိုကြည့်ပြီး စိတ်မကောင်း.....သူလိုချင်တာထိုသို့မဟုတ်လေဘဲ။

My Lifeblood(complete)Where stories live. Discover now