My Lifeblood(Part 20)

10K 715 16
                                    

(Unicode)

တီ........

သတိုးခေါင်ဖုန်းဆက်ချိန်းတဲ့နေရာကို ဦးသော်ကသတိုးခေါင်ဆီကဖုန်းရပြီးပြီးခြင်းထွက်လာခဲ့သည်။သူ့အလာကိုစားသောက်ပွဲအစုံအလင်နဲ့ စောင့်ဆိုင်းနေတဲ့သတိုးခေါင်က သူ့ကားကိုမြင်မြင်ခြင်းသူ့အားလက်ပြဆီးကြိုနေတာကြောင့် ဦးသော်ကကားထဲထွက်သည်နှင့်ပြန်ပြုံးပြလေသည်။

ကျွီ.......ဘမ်း.......

ဦးသော်က သတိုးခေါင်အနားရောက်တော့ သတိုးခေါင်ဝိုင်တစ်ခွက်ငှဲ့၍သာလက်ဟန်ဖြင့်သူ့အားထိုင်ဖို့ပြောနေသယောင်....။

ဦးသော်ကလည်းသတိုးခေါင်နဲ့မျက်နှာခြင်းဆိုင်မှာထိုင်လိုက်၏။လိုရင်းကိုမဆိုသေးဘဲ ဝိုင်ကိုဘဲဆက်ငှဲ့နေတဲ့သတိုးခေါင်ပုံကြောင့် ဦးသော်ကအနည်းငယ်တော့တွေဝေမိသည်။ခါတိုင်းလဲ နှစ်ယောက်ထဲဆုံတက်ပေမဲ့ ယွန်းမှီကိစ္စဖြစ်ပြီးကထဲကမဆုံတာကြာတော့ သူဘဲစိတ်ထဲတစ်မျိုးဖြစ်သည်လား တစ်စုံတစ်ရာကိုစိုးရိမ်ရမည်လားပင်ဦးသော်ကသေချာမသိတော့ပါ။

"အန်ကယ်နဲ့တွေ့ချင်တာ ဘာကိစ္စများပြောစရာရှိလို့လဲမောင်သတိုးခေါင်"

သတိုးခေါင် ဦးသော်ကအားစေ့စေ့ကြည့်၍သာပြုံးလေသည်။ဦးသော်ကလည်း သူ့ကိုကြည့်နေတဲ့သတိုးခေါင်ပုံကြောင့် နားမလည်နိုင်စွာဘဲပြန်ကြည့်မိလိုက်သည်။
သတိုးခေါင် သူ့အားရဲတင်းစွာပြန်ကြည့်နိုင်တဲ့ဦးသော်ကကို ဆက်ကြည့်နေရင်ထိန်းချုပ်ထားတဲ့ဒေါသများလည်းပေါက်ကွဲထွက်မည်တောင်စိုးရသည်။ဒါကြောင့် သူဘဲအကြည့်ခွာ၍လက်ထဲမှာကိုင်ထားတဲ့ဝိုင်ခွက်ကိုဘေးမှာလိုက်ကာ ရယ်သဲ့သဲ့ကပ်ပါလျက်.......

"အဟက် ဘာတွေလောနေတာလဲအန်ကယ်.....စားရင်းသောက်ရင်းနဲ့စကားပြောကြတာပေါ့"

"အင်း....လောစရာတော့မရှိပါဘူး၊ရုတ်တရက်ချိန်းတော့ မောင်သတိုးခေါင်ဘာများအရေးကြီးနေလဲမသိလို့ပါ"

ဦးသော်ကပြောရင်းဆိုရင်းဘဲ ဝိုင်ခွက်ကိုကောက်ကိုင်လိုက်၏။စကားဆုံးမှ ကိုင်ထားတဲ့ဝိုင်ခွက်ကိုတစ်ချိုင့်မော့ချလိုက်စဥ်........

My Lifeblood(complete)Where stories live. Discover now