My Lifeblood(Extra)

14.4K 772 38
                                    

(Extra)

(Unicode)

တီ..........

တော်ဝင်မင်းကုမ္ပဏီအရှေ့တွင် ထိုးရပ်လာတဲ့ကားလေးကိုမြင်သည်နှင့် ဝန်ထမ်းများကားတံခါးအားအပြေးအလွှားဖွင့်ပေးရှာကြသည်။ကားတံခါးပွင့်ပွင့်ခြင်း ကားထဲကကျော့မော့စွာဆင်းလာကြသူများကတော့ ဒေါ်မိုးနတ်နဲ့ပေလွှာတို့ပင်။

ကားတံခါးဖွင့်ပေးတဲ့ဝန်ထမ်းလေးများကို ဒေါ်မိုးနတ်ဖော်ရွေစွာပြုံးပြကာ ပေလွှာ့အနားသို့ကပ်လာပြီး ကုမ္ပဏီအတွင်းသို့ ပေလွှာ့လက်ကလေးကိုသူမဆွဲကိုင်လျက်ဘဲဝင်လာခဲ့၏။ကုမ္ပဏီရဲ့အငွေ့အသက်တွေဆိုတာ ပေလွှာ့အတွက်ဒီနှစ်တွေအတွင်းရင်းနှီးစပြုလာခဲ့သည်၊ဒေါ်မိုးနတ်မပါရင်တောင် ကုမ္ပဏီအတွင်းသို့သူတစ်ယောက်ထဲချောချောမွေ့မွေ့ဝင်နိုင်သည်အထိဖြစ်လာခဲ့တာမို့ စိမ်းတော့မနေ အရာရာတိုင်းဟာချောချောမွေ့မွေ့ပေ။

"မင်္ဂလာပါအန်တီ မင်္ဂလာပါပေလွှာ"

နိုင်းရုံးခန်းသို့လာတ​ဲ့လမ်းတစ်လျှောက် တစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်နေတဲ့ဝန်ထမ်းလေးတွေကို ဒေါ်မိုးနတ်အလိုက်အထိုက်ပြုံးပြနေသလို ပေလွှာလည်းမမြင်နိုင်ပေမဲ့ခေါင်းလေးငြိမ့်လျက်သာပြုံးပြလေသည်။

နိုင်းရုံးခန်းရှိရာသို့ရောက်ချိန် ဒေါ်မိုးနတ်တံခါးကိုခေါက်လိုက်လျှင်......

ဒေါက်......ဒေါက်......

"ဝင်ခဲ့ပါ"

နိုင်းခွင့်ပြုချက်ရသည်နှင် သူမတို့ရုံးခန်းထဲကိုသာဝင်လာခဲ့ကြသည်။အလုပ်စားပွဲမှာ လက်ပ်တော့တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့နိုင်းကတော့ မည်သူမည်ဝါဝင်လာမှန်းတောင်ကောင်းကောင်းသိပုံမရ၊တစ်ချက်ကလေးပင်ခေါင်းကိုမော့မကြည့်ဘဲ လုပ်လက်စအလုပ်ကိုသာသဲကြီးမဲကြီးလုပ်နေသဖြင့် ဒေါ်မိုးနတ်နဲ့ပေလွှာတို့လဲအသံပင်မပြုဘဲငြိမ်နေလိုက်ကြသည်။

ရုံးခန်းထဲသို့လူဝင်လာတာကိုနိုင်းသိပေမဲ့ မည်သူမည်ဝါမှန်းတော့နိုင်းမကြည့်မိပါ။ဝန်ထမ်းတစ်ယောက်ယောက်ဖြစ်မည်အထင်နဲ့ အလုပ်အကြောင်းတင်ပြမည်ကိုစောင့်ရင်းသူ့လက်စအလုပ်ကိုလုပ်နေခဲ့ပေမဲ့ အတော်လေးကြာတဲ့အထိဘာသံမှထွက်မလာတော့နိုင်းစိတ်မရှည်တော့ပေ။ထို့ကြောင့်ခေါင်းငုံ့လက်စနဲ့ဘဲ......

My Lifeblood(complete)Where stories live. Discover now