My Lifeblood(Part 10)

13K 1K 41
                                    

(Unicode)

"ဟင်"

ယွန်းမှီအိမ်ထဲဝင်လာလာချင်း ပေလွှာ့ကိုယ်လေးအားခါးကနေတစ်စောင်းအနေအထားဖြင့်မချီထွက်လာတဲ့နိုင်း​နဲ့ထပ်တွေ့ပြန်တာကြောင့် သူမပင်မှင်သက်သွားသည်။နိုင်းရဲ့လက်ထဲကနေပြီးလွှတ်ပေးဖို့တောင်းဆိုနေတဲ့ကောင်လေးနဲ့ လွှတ်ပေးမဲ့ပုံမပေါ်တဲ့နိုင်းတို့ကိုကြည့်ရသည်မှာ အပြင်သွားတော့မည့်ပုံ။

"ဒါဘယ်လဲအကိုနိုင်း"

"ကလေးကကလေးလိုနေ မစပ်စုနဲ့"

အသက်ပင်၂၂နှစ်ပြည့်လို့နေပြီ။သူမအားအခုအချိန်ထိကလေးတစ်ယောက်လိုပြောခံနေရတာကိုတော့ယွန်းမှီမကြိုက်။ချက်ချင်းခပ်စွာလေသံလေးနဲ့အတူဘဲပြန်ပြောမိသည်က.........

"မှီကလေးမဟုတ်တော့ဘူးအကိုနိုင်း"ဟုသာ။

"ယွန်းမှီ"လို့သာပြန်ပြောပြီး နိုင်းမျက်ထောက်နီကြီးနဲ့ကြည့်လာတော့လည်း ယွန်းမှီကြောက်ရမလိုလို။

"သိပါပြီသိပါပြီ....မစပ်စုတော့ဘူးရပြီလား။မှီကအကိုနိုင်းပြောသလိုကလေးပါ"

"မှီ ငါ့ကိုကူပါဦး....အဟင့်.....ဟင့်"

"ပေလွှာရယ်တို့ကကလေးပါ လူကြီးတွေကိစ္စဝင်ပါလို့မရဘူးလေ"

သူ့အားတမင်ရွဲ့ပြောနေတဲ့ယွန်းမှီစကား​ကို နိုင်းအပြုံးမပျက်။သဘောကျသည့်ဟန်ဖြင့် ပြုံးပြီးသာကားဆီထွက်သွားလေသည်။သူ့လက်ထဲကကောင်လေးကတော့ ​ကြောက်ကြောက်နဲ့သူ့အားခါးဖက်တွယ်ထားဆဲပါ။

"အဟင်း...."

ရယ်သံသဲ့သဲ့ထွက်ပေါ်လာတဲ့နေရာကို ယွန်းမှီကြည့်လိုက်တော့ပုဆိုးတိုနဲ့လေးထောင့်ဆန်ဆန်မျက်မှန်ကြီးကိုတပ်ထားတဲ့စိုင်းလူ။လှောင်ပြုံးပြုံးပြီးအတင့်ရဲစွာရယ်နေတဲ့သူ့ပုံစံက မချေမငံနဲ့ပါ။

"ဘာရယ်တာလဲ ကိုယ့်အလုပ်ကိုယ်လုပ်လေ"

"ဟုတ်ကဲ့"

ရယ်နေဆဲမျက်နှာနဲ့ပြန်ဖြေလာတဲ့သူ့စကားက ယွန်းမှီဒေါသကိုတမင်ဆွနေသည့်အတိုင်း။နဂိုကမှသူ့အပေါ်မပြေသေးသည့်ဒေါသများက အသစ်တစ်ဖန်ထပ်မံတိုးပွာလာချိန်ယွန်းမှီညစ်တစ်တစ်အပြုံးတစ်ချို့ပြုံးလျက်.........

My Lifeblood(complete)Where stories live. Discover now