My Lifeblood(Part 12)

11.2K 877 17
                                    

(Unicode)

သတိုးခေါင်ကိုပွစိပွစိဖြင့်အပြစ်တင်မိတာနဲ့မကာမိ။ယွန်းမှီတစ်ပွပွစိစိပြော၍လမ်းလျှောက်လာရင်းက ​သူမစီးထားတဲ့အနည်းငယ်မြင့်သည့်ဒေါက်ဖိနပ်နဲ့ကျောက်တုံးတိုက်မိသွားလေသည်။ဟန်ချက်မထိန်းနိုင်တဲ့သူမလည်း လဲကျမှာသေချာနေပြီမို့မျက်လုံးကိုတင်းနေအောင်မှိတ်ပြီးဘဲဖြစ်လာသမျှရင်ဆိုင်ဖို့လက်ခံလိုက်လေ၏။

"အာ့....သေပြီလားဘဲ"ဆိုကာမျက်လုံးလေးကိုတင်းနေအောင်မှိတ်ပြီး တဆတ်ဆတ်တုန်နေတဲ့ယွန်းမှီ မြေပြင်ပေါ်လဲကျရမည့်အစားရုတ်တရက်လှမ်းဆွဲခံလိုက်ရတာကြောင့်သူမကိုယ်လေးကတစ်ဦးတစ်ယောက်ရဲ့လက်ထဲကျရောက်လို့နေလျက်ပါ။

တင်းနေအောင်မှိတ်ထားတဲ့မျက်လုံးလေးများကို ယွန်းမှီဖြည်းဖြည်းချင်းဖွင့်ကြည့်တော့သူမကိုလှမ်းဆွဲထားသူကတစ်ခြားလူဟုတ်မနေ။သူမကြည့်မရတဲ့စိုင်းလူသာဖြစ်ပေသည်။မျက်လုံးဖွင့်ဖွင့်ခြင်းမှာဘဲသူမအားမျက်လုံးပြူးကြီးနဲ့ကြည့်ကာ စပ်ဖြဲဖြဲလုပ်နေတဲ့စိုင်းလူကိုတွေ့တွေ့ခြင်းယွန်းမှီမျက်နှာကသိသိသာသာဆူချိတ်သွားလေရာ.............

"မမလေးကိုကူညီတဲ့လူကို ကျေးဇူးတင်ရမဲ့အစားဆူချိတ်နေတဲ့မျက်နှာအနေအထားနဲ့ကြည့်တက်တာ မမလေးအကျင့်လားဗျ"....ဟုပြောလေတော့ဆူချိတ်နေတဲ့မျက်နှာလေးအပြင် နှုတ်ခမ်းလေးကိုပါသွားဖွေးဖွေးလေးဖြင့်ကိုက်ထားလေသည်။

စိုင်းလူအိမ်ရဲ့အလုပ်သမားနေရာရောက်နေလို့သာတော်တော့တယ်။အိမ်ရှင်များဖြစ်နေရင်ဘယ်လောက်တောင်ပြောရဆိုရခက်မလဲမသိ။အခုတောင်အိမ်ရှင်ဖြစ်တဲ့သူမကိုမကြောက်မရွံ့နဲ့ရွဲ့စောင်းပြောနေတဲ့သူလိုလူကိုယွန်းမှီမတွေ့ဖူး။သူမဤအိမ်ကြီးမှာဘဲနေလာတာ၂၂နှစ်ရှိလို့နေပြီ၊သူမထက်အသက်ကြီးတဲ့အလုပ်သမားဘဲဖြစ်စေ အသက်ငယ်တဲ့အလုပ်သမားဘဲဖြစ်စေရိုရိုသေသေနဲ့အမိန့်နာခံတက်သူတွေဘဲရှိသည့်ကြားက သူကတော့ထူးခြားစွာပေါ်ထွက်လာတဲ့စုန်းပြူးတစ်ယောက်လိုဘဲယွန်းမှီအတွက်ဖြစ်လို့နေ၏။

"ဖယ်စမ်းပါ"

သူမကိုယ်အားလဲမကျအောင်ထိန်းထားတဲ့စိုင်းလူကိုယ်ကြီးကိုတွန်းဖယ်ပြီး ယွန်းမှီသူမကိုယ်အားပြန်မတ်ရန်ပြင်လိုက်ပေမဲ့ဟန်ချက်ပြန်မထိန်းနိုင်တဲ့အဆုံးထပ်မံလဲကျမည်အလုပ် စိုင်းလူသူမကိုယ်လေးအားထိန်းထားပေးသေးသည်။ဒါတောင်မှယွန်းမှီမကျေနပ်သေးသည်မို့..........

My Lifeblood(complete)Where stories live. Discover now