My Lifeblood(Part 14)

10.4K 849 36
                                    

(Unicode)

"ဖြေပါမောင်ရယ်...မောင်ပြန်လာတာလားဟင်"

အခန်းအတွင်းပေလွှာ့အသံကလွဲလို့ မည်သူ့အသံမှထွက်မလာခဲ့ချေ။တဖြည်းဖြည်းနဲ့'မောင်ပြန်လာတာလား'မေးနေတဲ့ကောင်လေးရဲ့အသံလေးသာသိမ်ဝင်သွားတယ် နိုင်းနဲ့ယွန်းမှီတို့နှစ်ယောက်လုံးငြိမ်ချက်သားကောင်းနေပုံကပေလွှာ့အနားမည်သူမှမရှိတော့တဲ့အတိုင်းသာ။

ဖုန်းscreenပေါ်မှာမျက်ရည်အရွှဲသားလေးနဲ့မေးနေတဲ့ကောင်လေးရဲ့မျက်ရည်လေးတွေကို နိုင်းသုတ်ပေးချင်သည်။ထိုကောင်လေးကိုရင်ခွင်ထဲဆွဲသွင်းပြီးနှစ်သိမ့်လိုက်ချင်လှပါသည်။သို့သော် သူကကောင်လေးရဲ့အဝေးရေခြားမြေခြားတစ်နေရာမှာ။

သူမမြင်ချင်တဲ့မျက်ရည်လေးများနေရာယူထားတဲ့ပေလွှာ့ပါးပြင်လေးကို နိုင်းငေးနေရင်းမျက်လုံးကိုစုံမှိတ်ချလိုက်ပြီးဘဲအံကိုကြိတ်လျက်နှင့်............

"မင်းသာမောင့်ကိုပြန်လာစေချင်တယ်လို့တစ်ခွန်းဘဲပြောလိုက် မင်းရှိတဲ့နေရာကိုမောင်မရောက်ရောက်အောင်ပြန်လာမှာပေလွှာ၊မောင့်အသက်နဲ့ရင်းရမယ်ဆိုရင်တောင် မင်းဆီမောင်အရောက်လာမှာ"

ထိုအခါမျက်ရည်လေးများကိုကသီကရီနဲ့သုတ်နေရှာတဲ့ကောင်လေးက သူ့ကိုကြည့်လျက်ပြုံးနေသည်မဟုတ်သော်လည်းပြုံးပြုံးလေးသာဖြစ်လို့နေသည်ကိုနိုင်းတွေ့မြင်နေရ၏။ဘယ်လောက်ဘဲမျက်ရည်များသုတ်နေပါစေ ထိုကောင်လေးရဲ့မျက်ဝန်းအိမ်အတွင်းမှာတော့မျက်ရည်များနေရာယူထားသည့်တိုင်အောင် အချိုမြိန်ဆုံးအပြုံးတွေပြုံးလိုက်ကောင်လေးပြောလာသည်က........

"ဟီး....ငါကဒီအတိုင်းဘဲမောင်ပြန်လာတယ်ထင်လို့မေးလိုက်တာပါမောင်ရယ်၊ငါလားမောင့်ကိုမျှော်မှာ...မောင်မရှိရင်ငါ့စိတ်ကြိုက်ရေချိုးလို့လည်းရတယ်...ပြီးတော့....ပြီးတော့ဘာကျန်သေးပါလိမ့်...ခစ်ခစ် ငါကမျက်လုံးမမြင်ရတာတင်မဟုတ်ဘူး ဦးနှောက်တွေပါမကောင်းတော့ဘူးထင်ပါတယ်မောင်ရယ်။ကြာရင်ငါမောင့်ကိုတောင်မေ့သွားမလားဘဲ"

ငိုသံတဲ့တဲ့ကပ်ပါလာတဲ့ပေလွှာ့စကားလေးကြောင့် နိုင်းနှုတ်ခမ်းလေးညွတ်ကိုင်းသည်အထိပြုံးလေရဲ့။နောက်ပြီး.....

My Lifeblood(complete)Where stories live. Discover now