My Lifeblood(Part 17)

9.7K 767 67
                                    

(Unicode)

ဆေးရုံရောက်ကထဲက ထိုလူနဲ့ကလေးငယ်နှစ်ယောက်လုံး ပေလွှာ့ကိုမတွေ့ရတော့ချေ။ဆရာဝန်တွေလက်ထဲရောက်နေတဲ့ပေလွှာ့အခြေအနေကိုလည်း သူတို့မသိရသေး။အပြင်မှာဘဲထိုင်ရင်း နာရီတကြည့်ကြည့်နဲ့စောင့်ဆိုင်းနေခဲ့ရလေသည်။

ကျွီ............

သူတို့အချိန်အတော်ကြာအောင်စောင့်ဆိုင်းပြီးခဏအကြာ ခွဲခန်းထဲကထွက်ပေါ်လာတဲ့ဒေါက်တာတစ်ယောက်ကိုမြင်သည်နှင့်........

"အခြေအနေဘယ်လိုလဲ ဒေါက်တာ"

"သိပ်ပြီးစိုးရိမ်စရာမရှိတော့ပါဘူး။ပါးကဒဏ်ရာကပြင်းထန်ပေမဲ့ ဝမ်းဗိုက်ကဒဏ်ရာကသိပ်ပြီးမနက်ဘဲ ရှပ်ထိယုံလောက်ပါဘဲ"

"ကျေးဇူးတင်ပါတယ်ဒေါက်တာ"

"ရပါတယ်ဗျာ ဒါကကျွန်တော်တို့အလုပ်ဘဲလေ။သြော် သိပ်မကြာခင်မှာလူနာသတိရပါလိမ့်မယ်"

"ဟုတ်ကဲ့"

ဒေါက်တာထွက်သွားပြီးနောက် ထိုလူသူ့ဘေးကကလေးငယ်အားပြုံးကြည့်လျက်.......

"ခဏနေရင် ဟိုအကိုကိုသွားတွေ့မယ်...လိုက်မှာလား"

မုန့်များတစ်ထုပ်မှမရောင်းရသေးတဲ့ခြင်းတောင်းကိုကလေးငယ် တစ်ခဏမျှစိုက်ကြည့်ပြီးနောက် ထိုလူဘက်သို့ပြန်လှည့်ကြည့်၍ပြုံးလျက်သာခေါင်းငြိမ့်ပြလေ၏။

အခြေအနေကိုရိပ်မိတဲ့ထိုလူကတော့ ကလေးငယ်ရဲ့မုန့်ခြင်းတောင်းကိုသူ့ဘက်ဆွဲကြည့်လျက်.........

"မုန့်တွေကစားကောင်းမဲ့ပုံဘဲနော် ချာတိတ်"

ပါးစပ်အဟောင်းသားလေးနဲ့ခေါင်းလေးငြိမ့်ရှာတဲ့ကလေးငယ်က သူ့ခြင်းတောင်းထဲကမုန့်ထုပ်လေးတစ်ထုပ်အားဆွဲထုတ်ပြီး ထိုလူရဲ့အားကမ်းပေးလိုက်သည်။နောက်မှ.......

"တစ်ထုပ်၁၀၀ဗျ အရမ်းစားကောင်းတယ်".....ဆိုကာ မုန့်လေးများပင်ထုတ်ရောင်းလို့နေလေသည်။

ကလေးငယ်ကမ်းပေးတဲ့မုန့်လေးကိုယူပြီး ငှက်ပျောဖက်ထဲကမုန့်လေးကိုဖြည်စားနေတဲ့ထိုလူလဲ ဝါးရင်းဝါးရင်းဖြင့်ချိူအိနေတဲ့အရသာလေးကိုခံတွင်းတွေ့သည်ကော ကလေးငယ်ကိုသနားသည်​ေ​ကြာင့် မုန့်များအားလုံးဝယ်ရန်သာဆုံးဖြတ်လိုကရာ.......

My Lifeblood(complete)Where stories live. Discover now