1

127K 5K 363
                                    

(Unicode)

၁၉၅၀ခုနှစ် မတ် ၁ရက်နေ့

"ဗျို့သူကြီး ဒီနေ့မြို့အုပ်မင်းအသစ်မယ်ဆို သူကြီးအိမ်မှာရောက်ပြီလား"

"အလိုတော် ရှင်တို့သူကြီးက ခုဘဲသွားကြိုတယ်ယော~ပြန်မလာသေးဘူး အုန်းမြင့်ရေ"

ဟင်းချက်သည့်ယောင်းမကိုကိုင်က ကျန်သည့်လက်တဖက်ကလည်းထမီစကိုဆွဲ၍ အိမ်ရှေ့ပေါက်တွင်ပြောလာသော သူကြီးကတော်ကြောင့် အုန်းမြင့်ခေါင်းသာငြိမ့်ပြလိုက်၏။

"ဒီလိုဆိုလည်း ကျုပ်နွားစာသွားဖျက်အံုးမယ် ခိုင်းစရာရှိရင် ခေါ်လိုက်သူကြီးကတော်ရေ"

"ဟုတ်ပြီ ဟုတ်ပြီ"

မြို့ဆိုသော်လည်း မြို့နှင့်မတူ သဲတလူလူထနေသော တညှင်းကုန်းမြို့သို့ 'ဗိသုကာ' ရောက်လာသည်။ ငယ်ငယ်လေးကတည်းက ဆရာ၀န်ဖစ်ချင်သော်လည်း အဖေက မြို့အုပ်မင်းဖစ်တာကြောင့် အမွေဆက်ခံသည်ဟုပြောရမည်။

'ကျစ်~ သဲတွေကြီးဘဲ စိတ်ပျက်လိုက်တာ'

"မြို့အုပ်မင်းလေး ဒါကျုပ်တို့မြို့ဘဲဗျ နေစရာကတော့ နောက်မှအေးဆေးပြင်ပေးပါ့မယ်"

"ဘာ! အေးဆေးဟုတ်လား ဒီမှာလူက မျော့မျော့ဘဲကျန်တော့တယ်ယော! ‌မြို့သာဆိုတယ် တလမ်းလုံးကျောက်စရစ်ခဲကအပြည့် ခုချက်ချင်း နေဖို့စီစဉ်ပေးပါ သူကြီး"

"အမ် ဟုတ်ကဲ့ ဟုတ်ကဲ့ မြို့အုပ်မင်းလေး"

"တစ်စိတ် ကျွန်တော့ကို မြို့အုပ်မင်းလို့ခေါ်ရင်ရပြီ"

ပြောသည့်စကားမှားမှန်းသိသွားမှ ထိုအနှီးပေါက်စ မြို့အုပ်မင်းအား တောင်းပန်ကာ နေထိုင်ဖို့တွက် ခပ်သုတ်သုတ် ပြင်ဆင်ပေးလိုက်သည်။

သူကြီးအဖစ်က ကံဆိုးလှပါသည်။ ဘူတာမှာ မြို့အုပ်မင်းကိုသွားစောင့်ခေါ်သော်လည်း သူ့ရှေ့တွင်ရောက်လာသော ကောင်လေးက မြို့အုပ်မင်းဆိုတာ ခုထိမယုံနိုင်။ 'ဒီမယ်မိန်းကလေး လာမနှောက်နဲ့' ဟုပြောသောအခါ သူ့ကိုမိန်းကလေးနှင့်နှိုင်းပြောသည် ဟူ၍ အော်ငေါက်ကာ ခရိုင်မှကျလာသည့် 'မြို့အုပ်မင်း အဖစ် လက်ခံကြောင်းစာ' ပြမှ ထပ်တလည်းလည်းတောင်းပန်ပြီး မိမိတို့ရှိရာ တညှင်းကုန်းမြို့သို့ခေါ်ဆောင်လာခဲ့သည်။

ဗိသုကာ { COMPLETED }Where stories live. Discover now