5🙈🔥

63K 3.5K 508
                                    


(Unicode)

ဗမာ့စကားရှင်းအောင်ပြောမှ နားလည်သည်ဆိုသော်လည်း မိမိကိုပွေ့ချီထားသော ထိုလူ၏စကားက ရှင်းတာထက် မတ်ရိုင်းမှုကိုပြ၏။

အေးပေါ့လေ စာမတတ် ဓားပြဆိုတော့လည်းအဲ့လောက်တော့ရှိမှာပေါ့။ ဘုန်းဘုန်း ပြောခဲ့သလို ဒီမြို့ကို တာ၀န်ကျတဲ့ မြို့အုပ်မင်းတိုင်းက သူ့လက်ချက်ကြောင့်မလာဘူး ဆိုခဲ့တာကြောင့် သူသာဒီ ဘုန်းတန်ခိုး ဆိုတဲ့ဓားပြခေါင်းဆောင်ကြောင်း နှံ့နှံ့ဆက်ဆက်သိခဲ့မည်ဆိုလျှင် မိမိသည်လည်း လာခဲ့မည်မထင်။

ဘုန်း!

အင့်~

ဗိသုကာ အတွေးထဲနှစ်မျောနေတာကြောင့် ဘယ်လိုလုပ် အခန်းထဲရောက်လာမှန်းမသိ။

"ခင်ဗျားဘာလုပ်တာလည်း စောစောစီးစီး ယုတ်မာမို့မကြံနဲ့"

"ယော~ ဒါဆိုကိုယ်က ပူတူးလေးကို ညည့်နက်မှယုတ်မာရမှာလား အယ်နေပါအုံး ဘိလပ်လူမျိုးတွေပြောသလို ဆောရီးဘေ‌ဘီ! အိုင်းအမ်နော့  ဦးပုတ်ဆောင့်တဲ့ ကျားမဟုတ်ဘူး"

[ဘိလပ်>> အဂ်လိပ်]

ဘုန်းတန်ခိုးပြောပြီးသည်နှင့် မိမိရှေ့က ကုတင်ပေါ်ရှိ လူသားလေးအား ဖမ်းအုပ်လိုက်သည်။ ထို့နောက် နူးညံ့အိစက်သော နှုတ်ခမ်းလေးကိုမိမိနှုတ်ခမ်းဖြင့် ထိစပ်လိုက်သောအခါ လူက ငါးပြေထီးလို့ ထွန့်ထွန့်လူးတော့သည်။

"အွတ် အင့် ဟင့်"

ပြွတ်.....ပြွတ်

တခါက ဘိလပ်အပျော်မယ်အိမ်တစ်ခုကို ဓားပြတိုက်ဖူးတာကြောင့် ဘိလပ်အနမ်းများမျက်မြင်ကိုယ်တွေ့ မြင်ဘူးသည်ဖစ်သော ဘုန်းတန်ခိုး၏ အနမ်းသိုင်းက ကျွမ်းကျင်လှ။

[အပျော်မယ်အိမ်ဆိုတာ အခုခေတ်နဲ့ဆို clubတို့လိုပေါ့။ အဲ့နေရာရောက်ရင် ဖစ်ချင်တိုင်းဖစ် လုပ်ချင်းတိုင်း လုပ်ကြတာကို ဆိုလိုတာပါ ]

မလွှတ်တန်းနမ်းချင်နေသော ပူတူးလေးနှုတ်ခမ်းက ပွင့်မဟလာတာကြောင့် အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး လျှာတိုး၀င်ကာ လျှာချင်းရစ်ပတ်နေ၏။

ဗိသုကာ { COMPLETED }Where stories live. Discover now