7

39.7K 2.6K 279
                                    


(Unicode)

ရှမ်းရိုးမတောင်တန်းကြီးကို ဖြတ်၍ လှပသော ရှုခင်းများကိုကြည့်ကာ ဗမာ့အလှတရားကို ခံစားနေသည်။ ဂျစ်ကားဟာ တရွေ့ရွေ့မောင်းလာရင်း ကလောမြို့သို့ရောက်ရှိတော့မည်။

//ဟိုယခင် ကျောင်းပိတ်တဲ့ရက်ကကွယ်

ရှမ်းပြည်ကို တောင်ပိုင်းရော မြောက်ပိုင်းရောကွယ်

နှံ့ခဲ့တယ်...

ပြောပြချင်တယ် ကိုကိုရယ်//

"ပြောစေဗျာ"

ဗိသုကာ သီချင်းလေးတညီးညီးဖြင့် ဆိုနေ‌တုံးဘေးမှ ကိုကို့ရဲ့ အသံကြောင့် ကိုကိုရှိရာဘက်သို့မျက်နှာလှည့်စေပြီး

"ဟင် ဘာကိုလဲ ကိုကို"

"ပူတူးလေးဘဲ ပြောပြချင်တယ် ကိုကိုရယ်ဆို"

"အော် အဲ့တာသီချင်းဆိုနေတာကိုကိုရဲ့ဟီး"

"ဟားဟား ချစ်ဖို့ကောင်းလိုက်တာကွာ လာပါအုံး ကိုကို့ရင်ခွင်ထဲ"

‌စကားဆုံးသည်နှင့် ပူတူးလေးက ရင်ဘတ်ထဲတိုး၀င်လာသည်။ သူကိုယ်တိုင်လည်း ပူတူးလေးခန္ဓာကိုယ်လေးကို ဆွဲပွေ့ပြီး တင်းကြတ်စွာဖက်ထားလိုက်သည်။

ဘုန်းတန်ခိုး၏လက်ရှိအခြေနေက ကလေးအား နို့တိုက်နေသော မိခင်အဖစ်ကဲ့သို့...။

"အင့် ကိုကို အရှေ့မှာ ဟိုအကိုတွေနဲ့လေ"

"ဘာမှမဖစ်ဘူး သူတို့ကချစ်သူမရှိတာကလွဲလို့ အကုန်အဆင်ပြေတယ်"

ခေါင်းဆောင်ပြောသောစကားကြောင့် အရှေ့တွင် ကားမောင်းသူ မာန်‌ထက်ဘေးတွင်ထိုင်နေသော မာန်နောင် နာခေါင်းရှုံ့မိ၏။

တကယ်တည်း... ချစ်သူမရှိတော့သေမှာကျနေတာဘဲ။သူတို့နှစ်ယောက်သာ နေ့မှန်းမသိ ညမှန်းမသိ ကြည်နူးနေတာ

"ဟိုကောင်မာန်နောင် မင်းမျက်နှာအီးမှန် ထားတာလား"

"မဟုတ်ပါဘူးခေါင်းဆောင် ကျတော် ခေါင်းဆောင်တို့ကြည်နူးနေတာ ပိတိဖစ်လွန်းလို့ သွေးအန်ချင်နေတာပါ"

"အန်ပြီးသေအေးတာဘဲ"

"ကိုကို!"

ရင်ခွင်ထဲမှ အော်လာသော ပူတူးလေးကြောင့် ဘုန်းတန်ခိုး ဆက်မပြောတော့။

ဗိသုကာ { COMPLETED }Where stories live. Discover now