Happy New Year 😚🌈🌌

12.5K 1K 18
                                    

Unicode

မာဖီးယားတစ်ယောက်က ဘယ်တုံးကမှမထင်ထားတဲ့ အရာကိုလုပ်ရမယ်လို့ သူ့တသက်မှာတစ်ခါလောက်တောင်စိတ်ကူးမယဉ်ခဲ့ပေ၊ မီးသွေးခဲအိပ်ကြီးကိုသယ်ပြီး တစ်ကိုယ်လုံးမည်းတူးနေသည့် ဘုန်းတန်ခိုးကတော့ ဗိသုကာနားမီးသွေးခဲအိပ်ပစ်ချကာ လေပူတချက်မှုတ်ထုတ်လိုက်၏။

"ပင်ပန်းနေပြီလားယောက်ျား"

"မပင်ပန်းပါဘူးကွာ ဒါလေးကတော့အေးဆေး"

ဘုန်းတန်ခိုးက Gymဆော့သူမို့ဒီလောက်‌လေးကတော့မပင်ပန်းပါ သို့ပေမဲ့အနံ့ပြင်း"မခံနိုင်တာမို့ သူ့ရင်ဘတ်ဟာ အသက်ရှူမ၀လို့နှိပ်ချီမြှင့်ချီ

အသက်လုရူနေသည့်ကိုကို့အားကြည့်ရင်း ဗိသုကာစိတ်မကောင်းပါ တကယ်ဆိုလျှပ်စစ်မီးနဲ့ချက်ခြင်ပေမဲ့ မီးကပျက်သွားတာကြောင့် မီးမွေးနေရခြင်း~ အိမ်ကူတွေကိုချက်ခိုင်းလို့ရသော်လည်း သိပ်အဆင်မပြေတာကြောင့် ဗိသုကာကိုယ့်ဘာသာချက်နေခြင်းဖစ်သည်။

ပြွတ်

ဗိသုကာ ကိုကို့၏နှုတ်ခမ်းလေးအား အနမ်းတပွင့်ခြွေရင်း

"ရေသွားချိုးတော့ယောက်ျား ပူတူးဒီဟာလေးပြီးရင်လာခဲ့မယ်"

"ရပါတယ် ကိုယ်..."

"ဟ! ဒီမသာကြီးကတော့ သွားတော့ပါဆိုနေဗျာ"

"အင်းပါပူတူးရယ် ဒါဆိုကိုယ်ရေသွားချိုးတော့မယ်"

✿ ✿ ✿ ✿ ✿✿✿

"သားတို့ သမီးတို့ အိပ်ကြပါတော့ကွာ"

"ဒယ်ဒီကလည်း သားတို့ဆော့လို့မ၀သေးတာကို"

"ကျစ်! အိပ်ဆိုအိပ်တော့ကွာ!"

ဘုန်းတန်ခိုးအသံအနည်းငယ်ကျယ်သွားမှ လေးဘက်ထောက်သွားနေသော အမွှာသုံးကောင်နှင့် ဘုန်းသူ့ပြည်ရှင်၊ တန်ခိုးနဒီတို့ ကိုယ့်အိပ်ယာကိုယ်သွားကြတော့၏...။

အမွှာသုံးကောင်အား နို့တယောက်တစ်ဘူးဆီပေး၍ စို့လို့၀‌လျှင် အသီး"အိမ်မက်ဆီသို့အိပ်စက်ကုန်သည်၊ ဘုန်းသုပြည့်ရှင်နှင့် တန်ခိုးနဒီတို့လည်း ထိုနီးတူပင်။

ဗိသုကာ { COMPLETED }Where stories live. Discover now