6

53.4K 3.8K 455
                                    

(Unicode)

ဘ၀မှာအရှက်ရဆုံး လုပ်ရပ်ကို‌ေပြာရမည်ဆိုလျှင် ယောက်ျားသားချင်းချင်းတူတောင် ကိုယ်ကအစားခံရခြင်း လုပ်ရပ်ဖစ်၏။ ဗိသုကာ၏ သမိုင်းမှာ အချစ်က ယောက်ျားဆွဲ မိန်းမဆွဲမရှိပေမဲ့ တကယ်မချစ်ဘဲ ယောက်ျားသား တစ်ဦးနှင့်အိပ်ခဲ့ချင်းက အို...တွေးကြည့်လေ ရှက်စေဘဲ။

ဗိသုကာနှင့် မြို့ဓားပြခေါင်းဆောင် ဘုန်းတန်ခိုးတို့သည် သူကြီးအိမ်သို့ရောက်ရှိခြင်းဖစ်သည်။ မိမိတို့နှင့်အတူလိုက်လာသော နီသူဇာကတော့ နှာခေါင်းသွေးလျှံနေတာ အခုထိမတိတ်။

"အ...ဟမ်း...ပြောရမယ်ဆို...ဆို...ဆို..."

ဒုန်း!

ဘုန်းတန်ခိုးသည် သူ၏ရှေ့တွင် စကားထစ်ကာပြောနေသည့် သူကြီးဆိုသောလူကို စိတ်မရှည်တော့ဘဲ သစ်သားစားပွဲအားလက်ဖြင့်ရိုက်ချလိုက်၏။

"ကျုပ်အဲ့လောက်ထိစိတ်မရှည်ဘူး ပြောစရာရှိတာ တိုတိုနဲ့တုတ်တုတ်ပြော"

"အဟမ်း ဟုတ်ကဲ့ အခုဆို မဖစ်သင့်တဲ့ဟာ နှစ်ယောက်လံုးက ဖစ်ခဲ့ပြီပေါ့ မြို့အုပ်မင်းကလည်း စိတ်မကောင်းဖစ်ပြီးမငိုနဲ့..."

"ဒီမှာသူကြီး ကျတော်ကစိတ်မကောင်းဖစ်ကိုယ်ရအောင် မိန်းမမဟုတ်ဘူး ယောက်ျားသားချင်းတူပေမဲ့ ဖျက်စီးခံရတာက လွယ်ရင် ဗိုက်မကြီးဘူးယော"

မိမိကိုကြည့်ကာ စိတ်တိုသည့်ပုံစံလေးဖြင့်ပြောနေသော်လည်း ဘုန်းတန်ခိုးတွက်တော့ ချစ်စရာအတိပင်။ စကားပြောလိုက်တိုင်း ချွန်လာတဲ့နှုတ်ခမ်းလေးကို ဆွဲကိုက်ချင်စိတ်မနည်းထိန်းထားရ၏။

"ဒါဆို ဦးဘုန်း... အဲလေ မောင်ရင်ဘုန်းတန်ခိုးက မြို့အုပ်မင်းကို တာ၀န်ယူပါ့မလား(မှာလား)"

"သူကြီး! တာ၀န်မယူလည်းရတယ် ကျတော်က ဗိုက်ကြီးသွားမဲ့ မိန်းမမဟုတ်ဘူး ယောက်ျားဗျ ယောက်ျား"

"အဟွန်း ကိုယ်က ပူတူးကို အနစ်နာခံပြီးယူပါရစေ ပြီးတော့... ကိုယ်ပူတူးကို မေတ္တာရှိတယ်"

ဘုန်းတန်ခိုးပြောလိုက်တဲ့စကားက ဗိသုကာ၏ ရင်စုံက နှလုံးသားကို လှုပ်ခတ်သွားသည်။

ဗိသုကာ { COMPLETED }Where stories live. Discover now