19

25.9K 1.8K 78
                                    


(Unicode)

အရှိန်ဖြင့်မောင်းနှင်လာသော ဆိုင်ကန်တစ်စီးဟာ နောက်ဆုံး၌ လိုရာခရီးကို ဆိုက်ရောက်လာ၏။ ကားပါကင်တွင် ထိုဆိုင်ကယ်အား ကြား ညှပ်ထားလိုက်ပြီး ကွန်ဒို တိုက်များထဲမှ တစ်ခုသို့တပ်လာသည်။

"ကျတော်ရောက်ပါပြီ Boss"

မာန်နောင်သည် ဘုန်းတန်ခိုးအား အရိုသေတချက်ပေးပြီး စကားဆို၏။

"မာန်နောင် မင်းအခုတလော ပျောက်နေတယ် ငါ့Bodyguardရော ဟုတ်ရဲ့လား"

"တောင်းပန်ပါတယ်Boss ကျတော်..."

"ဂျိတ်ဆိုတဲ့ ကောင်လေးနားမှာ ရှိနေတာမလား မာန်နောင်"

"ဗျာ"

"အဟက်~ ငါကမင်းBossပါကွ! ချစ်ရင်လည်းချစ်တယ်ပြောလိုက်စမ်းပါကွာ နောက်မို့ဆို မင်းကျန်နေခဲ့မယ်"

"ကျတော်...ကျတော့လိုဘ၀ထဲ သူ့ကိုဆွဲမထဲ့ချင်ဘူး Boss"

မာန်နောင့်စကားကြောင့် ဘုန်းတန်ခိုး မာန်နောင်ရှေ့ရောက်လာကာ ပခုံးအားလက်ဖြင့် ဆုပ်ကိုင်လိုက်ရင်း...။

"တကယ်တော့ ငါတို့ကအမှောင်ဘက်ခြမ်းရှိတယ်ဆိုပေမဲ့ ငါတို့ချစ်ရသူတွေကိုတော့ အမြဲအလင်းရောင် ဘက်မှာဘဲထားတယ် အဓိက'က ကိုယ်ချစ်တဲ့လူကို ကာကွယ်ပေးနိုင်ရင် ရပါပြီ"

"ကျတော်သိပါပြီBoss ပြောပြပေးတဲ့တွက် ကျေးဇူးပါ"

မာန်နောင် တဖန် အရိုသေပေးပြီး နေရာမှ ထွက်သွားကာ ဦးတည်ရာ အချစ်ရပ်ဆီသို့



"ဟိုလူကြီး ဘယ်ပျောက်သွားပြန်ပြီလည်းမသိဘူး"

ညည့်နက်ချိန်ကြီး ထွက်သွားသော မာန်နောင်ကြောင့် ဂျိတ် စိတ်ဆိုးမိသည်။ မတော်လို့တစ်ခုခုဖစ်နေရင် ဘယ်လိုလုပ်မလည်း ဂျိတ်ကသာ စိတ်ပူနေရတာ သူက ကိုယ့်တောင် သောက်ဖက်မလုပ်။

ဘွန်း! ဘွန်း (ဆိုင်ကယ်လေဘာ ဆွဲသံ)

ဆိုင်ကယ်သံကြားတာကြောင့် ဂျိတ်အိမ်ထဲမှ ထွက်ကာ အပြေးလွှားအိမ်ရှေ့ သံတံခါးအား ဆွဲဖွင့်ပေးလိုက်သည်။

"ဒီချိန်ကြီး အွင့်~"

ဂျိတ်၏စကားဟာ ပြောခွင့်မရတော့ဘဲ ဂျိတ်နှုတ်ခမ်းနှင့် မာန်နောင့် နှုတ်ခမ်း ထပ်တူကျ၏။

ဗိသုကာ { COMPLETED }Where stories live. Discover now