8🙈🔥

49.9K 2.5K 264
                                    


(Unicode)

ချစ်ရသောသူလက်ကြား မိမိ၏လက်တံရှည်ရှည်လေးမျာကို ပူးကပ်စေ၍တင်းတင်းဆုတ်ကိုင်ကာ ဖခင်ဖစ်သူ၏ စကားအား ရင်တထိတ်ထိတ်ဖြင့်နားထောင်နေသည်။

ရေနွေးချမ်းကိုသောက်ကာ သက်ပျင်းတချက်ကျပြီး ဦးရန်နိုင် သူ၏သားဖစ်သူနှင့်အကြောင်းပါလာသော ကောင်လေးတို့အား ကြည့်ပြီး

"ငါ့သားကို ဘယ်လိုစိတ်နဲ့လက်ထပ်ချင်တာလည်း"

"ကျတော် ပူတူး... ကျတော်ဗိသုကာကို ‌ချစ်မြတ်နိုးပါတယ် ကုန်ကုန်ပြောရရင် ချစ်တတ်တဲ့နှလုံးသား စောင့်ရှောက်ချင်တဲ့စိတ် အပြည့်၀နဲ့ လက်ထက်ချင်တာပါ ဦးလေး"

ချွေးထီးသမတ်ဖစ်သူ၏စကားကြောင့် နန်းပန်ချီပြုံးစိစိဖစ်ကာ လက်ဖက်သုတ်စားနေပြီး စိတ်ထဲ၌လည်း ချွေးထီးလေးအား အမှတ်တွေပေးနေ၏။

"အဟမ်း ငါသဘောမတူ..."

"ဒီမှာ ကိုရန်နိုင် ရှင်သဘောမတူရအောင် ကျမသမတ်က ဘာတွေချို့ယွင်းနေလို့လည်း 'တစ်ဦးမေတ္တာ တစ်ဦးစေတနာ'ရှင့် ကျမတို့သားဗိသုကာက စေတနာကောင်းတဲ့ကလေးမို့လို့ သား..."

"ဘုန်းတန်ခိုးပါ ဒေါ်ဒေါ်"

"အေး...သားဘုန်းတန်ခိုးကလည်း မေတ္တာအစစ်မှန်ပေးတာဘဲလေ"

"မိန်းမ မင်းမသိ..."

"တော်~ ဘာကိုမသိကမှာတုန်း "

"ငါလက်မခံနိုင်ဘူးမိန်းမ"

"ဖေဖေ"

အဖေဖစ်သူ၏စကားကြောင့် ခေါင်းငိုက်ထားသော ဗိသုကာဟာ မော့လာပြီး မျက်လုံးများ၌ သူ့ကောင်လေးကိုမှမရရင် ဘယ်သူမှမယူဘူးဆိုတဲ့ အကြည့်မျိုးဖြင့်။

"ငါလက်မခံ..."

"ကောင်းပြီလေ ကိုရန်နိုင် ရှင်ကလက်မခံဘူးဆိုလည်း ကျမနဲ့ရှင် ကွာရှင်းရုံဘဲရှိတယ်ပေါင်"

"ဟာမိန်းမ အဲ့လို့မဘူးလေ"

"ဒါဆိုလည်း သားတို့ကိုလက်ခံလိုက်"

မိန်းမဖစ်သူ၏စကားကြောင့် ဦးရန်နိုင်၏မျက်နှာ ‌မိုးကောင်းကင်ပြိုတော့မဲ့ အတိုင်းနှင့် သူ၏သားရှိရာဘက်ပြန်လှည့်ပြီး

ဗိသုကာ { COMPLETED }حيث تعيش القصص. اكتشف الآن