10

25.7K 1.9K 89
                                    


(Unicode)

မိမိတို့၏ စံပြခေါင်းဆောင်က ယခင်တုံးက လူသတ် ဓားပြတိုက်တဲ့ချိန် ယခုမှာတော့ အ၀တ်လျော် ထမင်းချက်လုပ်ရမည်ဟု ဘယ်သူက ထင်မှာတုံး။

ဟွန်း!

မာန်နောင် လေပူတချက်မှုတ်ထုတ်ပြီး ခေါင်းဆောင်လျော်ထားသော အ၀တ်များအား နေပူကျဲတဲ‌၌ အ၀တ်တန်းတွင် လှမ်းနေသည်။

အရပ်ရှည်ရှည် အသားဖြူဖြူ မာန်နောင်က ယောက်ျားတယောက်တွင်ရှိသင့်သော ကြွက်သားအဖုထစ်တွေရှိတာမို့ အ၀တ်လှမ်းနေသည်တောင် ခန့်ညားတုံးပင်။

"ဟိုကောင်မာန်နောင် အ၀တ်လှမ်းရင်းသေနေတာလား"

ခေါင်းဆောင်၏ အသံကြောင့် မာန်နောင် ပြူတီတီကြည့်ရင်း

"လှမ်းနေတာဘဲ ခေါင်းဆောင်ရယ် အစကတည်းက လင်ကြောက်ရင် လင်မယူပါနဲ့တော့လားယော!"

"မင်းသောက်ပါးစပ်ကိုပိတ်ထား ဒါလင်ကိုချစ်တာကွ"

"အမလေး...အရပ်ကတို့ရေ ဘယ်ခွေးမှ လူမထင်တဲ့ ကျုပ်တို့ဓားပြခေါင်းဆောင်က ထမင်းချက် အ၀တ်လျော် အလုပ်တွေလုပ်နေရတယ်တဲ့ဗျို့ ကြားလို့မှ ကောင်းကသေးရဲ့လား"

ခလွမ်း!

"အမလေးဗျ"

ဘုန်းတန်ခိုးသည် သူ၏ရှေ့၌ ပြောင်ဆက်ဆက် လုပ်နေသော နွားအား လက်ထဲတွင် ကိုင်ထားသော စတီးခွက်ဖြင့် ကောက်ပေါက်လာသည်။

"ကိုကို"

"အော်ပြန်လာပြီလား ပူတူး"

အိမ်ပြန်ရောက်တာနှင့်လက်ထဲက အိတ်ကိုဆွဲ၍ ရေ‌ခတ်ပေးလာသော ယောက်ျားကသိပ်အလိုက်သိ

စွတ်ကျယ် ဂျိုင်းပြုတ်၀တ်ထားသော ယောက်ျား၏ ခန္ဓာကိုယ်က နေရာအနှံ့ကြွက်သားတွေပေါ်နေတာကြောင့် မိန်းကလေးများကို ဆွဲဆောင်မှုတမျိုးပေး‌ေစသည်။

သို့ပေမဲ့ ဒီလို ယောက်ျားမျိုးကို ပိုင်ဆိုင်ရတဲ့ ဗိသုကာ ကတော့ လင်ရကံကောင်းသည်ဟု ဆိုရမည်။

"ခေါင်းဆောင် ကျတော် သွားလိုက်အုံးမယ်"

"အေး အေး"

"ယောက်ျား"

"ဗျာ ပူတူး"

"ယောက်ျားကို ပူတူးမေးစရာရှိတယ်"

ဗိသုကာ { COMPLETED }Where stories live. Discover now