15🙈🔥

38.7K 2K 81
                                    


(Unicode)

"ဖေဖေ သား Toliteခနသွားအုံးမယ်"

"ဟုတ်ပြီသား မကြာစေနဲ့နော်"

"ဟုတ်ဖေဖေ"

ဗိသုကာ ယခုပါတီတွင်နေနေသည်မှာ သုံးနာရီကျော်ကျော်လောက်ဖစ်နေပြီ။ လူအရမ်းရှုပ်ရင်မနေတတ်တဲ့သူဖစ်တာကြောင့် ဖေဖေ့ကို Toliteသွားမယ်ဟုသာပြောပြီး ဦးတည်ရာက ရေကန်ပြာတစ်ခုသို့။

အဆင်သင့်ထားထားသော ထိုင်ခုံများမှ တခုံတွင်ထိုင်လိုက်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်‌ေနသည်။ ညရောင်အောက် ကန်ရေပြင်အရောင်များက ဗိသုကာပေါ်သို့ဖြာကျနေတာကြောင့် ဗိသုကာမှာတော်၀င်နန်းတော်ထဲက မင်းသားလေးနှင့်အလားတူနေ၏။

"လွမ်းလိုက်တာ ကိုကိုရယ်"

"ကျစ်! မင်းတို့ကိုသေချာလုပ်လို့မပြောထားဘူးလား လုပ်လိုက်ရင် ဆောက်တလွဲတွေကြီးဘဲ"

"....."

"ငါအခုလာခဲ့မယ်"

ဗိသုကာ ထိုင်နေရာမှထာကာ ထွက်သွားမယ်ပြင်တုံး အသံတစ်ခုကြားတာကြောင့် ခြေလှမ်းများ ရပ်တန့်သွား၏။

ဒီအသံ... ဘယ်ဘ၀ဘဲရောက်နေပါစေ သူမှတ်မိတယ်။ ကိုကိုမလား...။

ဗိသုကာခြေလှမ်းများက အသံလာရာသို့ပြေးထွက်သွားပြီး သူ၏ကိုကိုအားလိုက်ရှာနေသည်။ တနေရာသို့ရောက်သည့်အခါ ခြေလှမ်းများက ရပ်တန့်သွားပြီး သူ့ကို နောက်ကျောပေးကာ ဖုန်းပြောနေသည့်လူတယောက်။

နောက်ကျောပြင်ကိုကြည့်တာနှင့် ဘယ်သူဘယ်ဝါလည်းဆိုတာ သိသည်။ ကျလုဆဲဆဲမျက်ရည်များကို ထိန်းချုပ်ရင်း အရဲစွန့်၍...။

"ကို...ကိုကို"

ဘုန်းတန်ခိုး မှောင်ခိုဈေးကွက်တစ်ခု သူများလက်ထပ်ပါသွားတာကြောင့် ဒေါသထွက်နေတာဖစ်သည်။ မကြာမှီ သူ့နောက်ကျောက ခေါ်သံလေးတစ်ခုကြောင့် ရင်ထဲရှိဒေါသမီးများက ြငိမ်းစေပြီး နှလုံးခုန်နှုန်းကလည်း ပို၍ မြန်ဆန်လာ၏။

ခေါ်သံပိုင်ရှင်သို့လှည့်ကြည့်လိုက်သောအခါ

"ကိုကို ဟင့် အူဝါး ကိုကို..."

ဗိသုကာ { COMPLETED }Where stories live. Discover now