16

27.3K 1.8K 45
                                    

(Unicode)

သစ်ပင်၊သစ်တောများစိမ်းစိုနေသော မြန်မာနိုင်ငံကြီးက ယခုဆို စာနှင့်အညီသစ်တောများပြုန်းတီးမှုဖစ်နေသည်။ ဗိသုကာ ရန်ကုန်မြို့ရှိရှားပါးတဲ့ ပိတောက်ပင်များမှ အရိပ်ရသည့် ပိတောက်ပင်တစ်ခုသို့ ကိုကို့အားခေါ်ဆောင်လာခဲ့၏။

"ကိုယ့်ကိုမှတ်မိအောင်လုပ်ဖို့ ဒီနေရာခေါ်လာတာလား"

"အင်း ခနကိုကို"

ဗိသုကာ ကားထဲမှ ဂီတာနှင့် အခင်းတစ်ခုအားယူပြီး အခင်းကို မြက်ခင်းပေါ်၌ ခင်းစေ၍

"ကိုကို ဒီမှာလာထိုင်"

ကောင်လေးလုပ်နေသမျှ ဘာမှ၀င်မပြောဘဲ ဘုန်းတန်ခိုး အလိုက်သင့်သာနေနေ၏။

ဗိသုကာ ဂီတာကိုကြိုးညှိပြီး...။

"အဟမ်း ပူတူးကအသံမကောင်းဘူး ဒါပေမဲ့ ဒီသီချင်းက ပူတူးတို့နှစ်ယောက်လုံးတွက်အရေးပါတယ် ပြောရရင် ဟိုဘ၀တုံးက ကိုကိုနဲ့ပူတူးပြောခဲ့တဲ့အကြောင်းရာလေး"

"အင်း"

ဘုန်းတန်ခိုး ဘာ‌ပြန်ပြောရမှန်းမသိလို့ အင်း တစ်လုံးသာဖြေလိုက်သည်။

လေတိုက်ရာဘက်ယိမ်းနွှဲ့နေသော ပိတောက်ရွက်များနှင့်အညီ ကောင်လေး၏ နက်မှောင်သော ဆံပင်အိအိလေးသည်လည်း ဘယ်ယိမ်းလိုက်ညာယိမ်းလိုက်ဖြင့်။

ဗိသုကာ သက်ပြင်းတချက်ချပြီး...။

" //မင်းပြောဖူးတယ်ငါ့ကို သိပ်ချစ်တယ်

မှတ်မိတဲ့ငါ မင်းကိုအချစ်ဆုံးပဲ

မင်းပြောဖူးတယ် စွန့်ခွာမသွားနဲ့တဲ့

စိတ်ချလိုက် ငါအဝေးကိုထွက်မသွားရဲ

မင်းပြောဖူးတယ် ဘ၀တွေကြမ်းတမ်းလည်း

ဒို့နှစ်ယောက်ထပ်တူမျှဝေခံစားတယ်

မင်းကလွဲရင် ဖွဲနဲ့ဆန်ကွဲပဲကွယ်

ငါ့ဘက်ကနေ မင်းကိုဖွင့်ပြောမယ်...// "

'သိပ်ချင်တယ် ပူတူး'

'အချစ်ဆုံးဘဲ ကိုကို'

'ကိုယ့်ကို စွန့်ခွာမသွားပါနဲ့နော်'

ဗိသုကာ { COMPLETED }Where stories live. Discover now