13

22.5K 1.7K 108
                                    


(Unicode)

          ဝီစကီခွက်ကိုကိုင်ကာ လှုပ်ရမ်း၍ ဘုန်းတန်ခိုး သူ၏ရှေ့တွင်ရှိသော လူနှင့်မျက်နှာချင်းဆိုင် ဆုံစေ၏။ အရှေ့ကလူမှာတော့ ဘုန်းတန်ခိုးအား မောမကြည့်ရဲဘဲ ခေါင်းငိုက်ကာနေနေခြင်းပင်။

"ငါ့မိဘကိုသတ်တာမင်းပေါ့"

မာထန်သည်လည်းမဟုတ် တိုးညှင်းသည်လည်းမဟုတ် အသံသည်ကား ထိုလူကိုသေ‌လောက်အောင် ရက်စက်နိုင်သည်။

"ကျ...ကျတော် မဟုတ်..."

ခွမ်း!

အရက်ခွက်အား မြေပြင်ပေါ်သို့ရိုက်ချလိုက်သောအခါ သူစိတ်မရှည်တော့သည်ကို သဲလွန်စပြနေတာဖစ်သည်။ သွေးတွေပလပွနှင့် ခေါင်းငိုက်နေသည့်လူမှာ...။

"ကျတော်...အပါ၀င် ခေါင်း...ဆောင်လည်းပါပါတယ် "

"မင်းတို့ခေါင်းဆောင်က ဘယ်သူလည်း"

ဘုန်းတန်ခိုးမေးလိုက်သောအခါ...။

"ဂမ်...ဂမ်မင်းမောင်ပါ"

"ဘာ!"

ဘုန်းတန်ခိုး တုန်လှုပ်သွား၏။ ဂမ်မင်းမောင်ဆိုတာ အခုသူ့အိမ်မှာ တည်းနေတဲ့ကောင်'မလား ဒါဆို ပူတူးရော။

ခုံပေါ်မှ မတ်တပ်ထရပ်လိုက်ကာ ၀ရုန်းသုံးကားဖြင့် အပြင်သို့ပြေးထွက်သွား၏။ ပူတူးလေးကို အိမ်မှာဟိုသူတောင်းစားနဲ့ထားခဲ့သည့် သူ့ကိုယ်သူအပစ်တင်တော့သည်။

"ပူတူး! ပူတူးရော ~ ဒေါလုံး! ကျုပ်ပူတူးဘယ်မှာလည်း"

အိမ်ဧည့်ခန်း၊အိပ်ခန်း တွေမှာမတွေ့တာကြောင့် အိမ်ကူဖစ်သူ ဒေါ်လုံးအားမေးရန် နောက်ဖြေးကြောင်(ဂျောင်) သို့သွားသောအခါ ဒေါ်လုံးသည် သွေးအိုင်ထဲ၌ သေဆုံးနေ၏။

"ဟာ ဒေါ်လုံး ကျစ်! မာန်ထက်"

"ဟုတ်ကဲ့ ခေါင်းဆောင်"

"မာန်နောင်နဲ့အတူပစ္စတို မှန်သမျှသယ်လာ ပူတူးကိုသွားရှာမယ်"

-------------------
________________

ချလွင်~ချွလွင်

ကျွန်းကုတင်ကြီး၏ တစ်ဖက်တစ်ချက်စီ၌ ဗိသုကာ လက်အား သံကြိုးများဖြင့် ချီနှောင်ထားတာကြောင့် ဗိသုကာ ရှုန်းလို့မရဖစ်နေခြင်း။

ဗိသုကာ { COMPLETED }Where stories live. Discover now