Extra🍓

11.1K 479 3
                                    

Unicode

"ဒယ်ဒီပြောပြမယ် ဒယ်ဒီ အရင်ဘ၀က ဓားမြခေါင်းဆောင်ဖစ်ခဲ့တာ စောက်ရမ်းကိုလန်းတဲ့ ဓားမြခေါင်းဆောင် ဘုန်းတန်ခိုးဆိုတာ ဒယ်ဒီဘဲ"

ခလေးတွေရဲ့ဆော့စရာ ရေပြွတ်သေနတ်ကိုကိုင်ပြီး ဟန်ပါပါ လုပ်ပြနေပေမဲ့ ဘုန်းသုပြည့်ရှင် ၊တန်ခိုးနဒီ နဲ့ အမွှာသုံးကောင်တွက်ကတော့ ရယ်စရာပင်ဖြစ်နေသည်။

မတ်တပ်ရပ်ကာ ဘောင်းဘီအိတ်ကပ်ထဲ လက်ထဲ့ပြီး နံရံကိုမှီထားတဲ့ ၈နှစ်အရွယ် ဘုန်းသုပြည့်ရှင်က...

"ဓားမြခေါင်းဆောင်ဆိုတော့ ဘယ်သူ့မှကြောက်မှာမဟုတ်ဖူး၊ ဟုတ်တယ်မလားဒယ်ဒီ"

"ဒါပေါ့ကွ ကြောက်စရာလား"

"ပါးပါးကိုကောဟင်"

တန်ခိုးနဒီက ထိုသို့ဆိုလျှင် ဘုန်းတန်ခိုးကရယ်ကာ

"ဟားဟား မင်းတို့ ပါးပါးကို ‌ဒယ်ဒီက ကြောက်စရာလား ..."

"ဘုန်းတန်ခိုးရေ.... ရားးး စောက်ဘိုးတော် ခလေးတွေကို ကျောင်းမပို့ဘဲ ဘယ်သွားနေတာလဲ"

ကျောင်းထဲ့ဖို့ ထမင်းချိုင့်ပြင်ဆင်နေတဲ့ ဗိသုကာ က ကိုကို့ကိုမတွေ့တာကြောင့် ဟင်းချက်တဲ့ယောင်းမကို ကိုင်ပြီး အိမ်ရှေ့ထွက်လာခဲ့သည်။

အိမ်ရှေ့မှာခလေးတွေနဲ့အပြိုင်ဆော့နေတဲ့ ကိုကို့ကို မြင်တော့ ဗိသုကာ ခါးထောက်လိုက်ပြီး

"ကိုကိုရေ"

"ဗျာ...ပူတူးလေး"

"ခလေးတွေကို ကျောင်းမပို့ဘဲ ဘာလုပ်နေတာလဲ နောက်ဖေးမှာ ထမင်းချိုင့်တွေလာယူပီး ကျောင်းပို့တော့"

"ပါးပါးရေ မီး ပါးပါးကိုပြောစရာရှိတယ်"

တန်ခိုးနဒီက ဗိသုကာ အားပြေးဖက်၍ ထိုသို့ဆိုလျှင် ဘုန်တန်ခိုးက လက်ဟန်ခြေဟန်ဖြင့် မပြောနဲ့ဟု ဆိုသည်။

တကယ်သေတော့မှာဘဲကွာ...

"ပြောလေ ပါး သဲလေးက ဘာပြောမှာလဲ"

"ဒယ်ဒီက အရင်ဘ၀က ဓားမြခေါင်းဆောင်တဲ့
အဲ့တာ မီးက ပါးပါးကို ကြောက်လားမေးတော့
မကြောက်ဖူးတဲ့"

ဗိသုကာ { COMPLETED }Where stories live. Discover now