4

50.7K 3.7K 106
                                    

(Unicode)

"ပူတူး ကိုယ်..."

အခန်းတစ်ခါးဖွင့်လိုက်ချိန် လှစ်ဟာနေသော ပြတင်းပေါက်မှ ‌အရောင်ဖြာကျလာတာကြောင့် ပူတူးလေး ထွက်ပြေးသွားပြီထင်၏။

"တောက်စ်! မာန်ထက် မာန်နောင်!"

များမကြာမှီမှာ ဘုန်းတန်ခိုးရှေ့သို့ မာန်ထက်နှင့်မာန်နောင် နှစ်ယောက်စလုံးရောက်ရှိလာသည်။

"ခုချက်ချင်း ပူတူးကိုလိုက်ရှာမယ် မာန်ထက်လက်နက်တွေအကုန်ယူလာ မာန်နောင် ဒညှင်းကုန်းကို ခုချက်ချင်းဆင်း"

"ဟုတ်ကဲ့ ခေါင်းဆောင်" [၂×]

ထိုနောက် ဘုန်းတန်ခိုးသည် ပြတင်းပေါက်ရှေ့သို့ရောက်လာကာ ဗိသုကာကျန်ခဲ့သော အ၀တ်စလေးကိုကိုင်ရင်း...။

"အလျော့ပေးတော့ ယောက်တတ်တာလား ပူတူးလေးရယ်"

-----------------
_________________

ကြောက်စိတ်ကို ထိန်းချုပ်၍ ပြေးလာခဲ့သည်မှာ ဗိသုကာ သူ၏အရပ်သို့ရောက်ရှိလာ၏။ မိမိ အိမ်ကို အရင်မ၀င်ဘဲ ရွာဦးက ဘုန်းကြီးကျောင်းသို့သာ သွားနေခြင်း။

တကယ်လို့ အိမ်မှာသာနေနေရင် ဟိုဓားပြရောက်လာပြီး တစ်ခုခုလုပ်ရက်လုပ်မှာလေ။ ဘုန်းကြီးကျောင်းဆိုတော့ သူဒီထိလာပြီး လူကိုဆွဲလားရမ်းလား တော့မလုပ်ဘူးမလား...

"ဟိုမှာ ဒါကာလေးမြို့အုပ်မင်းမလား"

"မြို့အုပ်မင်း"

"ဘုန်းဘုန်းဘုရား"

ဗိသုကာ အရှေ့တွင်ရှိသော ကျောင်းတိုင်ဘုန်းကြီးအား ဦးချလိုက်ပြီးနောက် သူကြီးဖစ်သူဆီအကြည့်ကြည့်ကာ

"သူကြီး ကျတော်ပျောက်သွားတာ လိုက်မရှာတဲ့ သတ္တိကို ချီးကျူးပါပေရော"

"အယ်...မဟုတ်ပါဘူး မြို့အုပ်မင်းရယ် မြို့အုပ်မင်းပျောက်သွားတာ လိုက်ရှာဖို့ ကျုပ်တို့ ကျောင်းတိုင်ဘုန်းကြီးနဲ့ တိုင်ပင်နေတာပါဗျာ"

"ကဲကဲတော်ကြတော့ ဒါကာမြို့အုပ်မင်းက ဓားပြခေါင်းဆောင်း ဘုန်းတန်ခိုးဆီပါသွားတယ်ဆို"

"မှန်ပါ့ဘုရား သူ့ဆီပါသွားတာ သေတော့မဲ့ကံနဲ့နီးနီးလေးလို့တောင်ထင်ရပါတယ်ဘုရား"

ဗိသုကာ { COMPLETED }Where stories live. Discover now