14

25.4K 1.9K 66
                                    


(Unicode)

        လူများရုပ်ရုပ်သဲသဲ ဖစ်နေသောဆေးရုံတစ်ခုတွင်ဖစ်သည်။ Dripချိတ်ထားသည့် ကောင်လေးတစ်ယောက်မှာ နှာဖူးရှိချွေးများ လည်တိုင်အောက်သို့ဆင်းကျလာပြီး ပါးစပ်ကလည်း တစ်ခုခုအား တည်းတနေ၏။

"ကိုကို...ကိုကို!!! ဟင့်အင်း ကိုကိုး!"

"သား...သားသတိထားအုံး"

လူနာကုတင်မှ ချက်ချင်းဆိုသလိုထလိုက်ပြီး ရင်ဘတ်သည်လည်း အသက်ရှုမြန်နေသောကြောင့် အပေါ်နိမ့်အောက်မြင့်လိုက်ဖြင့်...။

ဒေါ်နန်းပန်းချီ ဘေးတွင်ထားသော တီရှူးတစ်ရွက်အားကိုင်ပြီး‌ သားဖစ်သူ၏ချွေးများအားသုတ်ပေးနေသည်။

"သားရယ် ကံကောင်းပေလို့ပေါ့ သားမေ့လဲနေတာ ၁လကျော်နေပြီ "

"ဟင်...အခု...အခုကဘယ်နှစ်ခုနစ်လည်းဟင်မယ်မယ်"

"အယ်သား မာမီ့ကိုဘယ်လိုခေါ်လိုက်တာ"

မာမီဆိုသည့်အသုံးနှုန်းကြားတာကြောင့် ဗိသုကာ နားလည်သွားသည်။ ဒါဆို...ဒါဆိုသူက မေ့မျောနေပြီး အသိစိတ်က ၁၉ရာစု‌ေကျာ်"လောက်ကို ရောက်သွားတာပေါ့။

ကိုကိုကရော အခုကိုကိုကရော ဘယ်မှာလည်း...။

"မာမီ သားဘယ်လိုဖစ်လို့..."

"သား ဘုရားပန်းလဲနေရင်း ဘုရားစင်ပေါ်ဆုံးက ယွန်းသေတ္တာဘူးနဲ့ ခိုက်မိပြီးမေ့လည်းသွားတာ အခုထိဘဲသား။ ဘုရား၊ သကြားမလို့ သားလေးပြန်နှိုးလာတာကွယ်"

"ကိုကို... ကိုကိုရောဟင်"

သားဖစ်သူစကားကြောင့် ဒေါ်နန်းပန်းချီ မျက်တောင်တဖျက်ဖျက် ခတ်သွားပြီး

"ဘယ်ကကိုကိုလဲသားရဲ့ မာမီမွေးထားတာ 'ဗိသုကာ' ဆိုတဲ့သားတယောက်ထဲရယ်"

၁ပတ်...ကိုကို့ကို လိုက်ရှာနေသည်မှာ တပတ်ကျော်နေပြီဖစ်သည်။ ဘာရယ်မဟုတ် နီးစပ်ရာ ပိတောက်ပင်လေးအောက်မှာ ထိုင်နေရင်း ဗိသုကာ ငိုကျွေးနေမိ၏

"အီးးး အရင်ဘ၀ကိုပြန်သွားချင်တယ် ကိုကို့ကို လွမ်းတယ် အီးဟီး! အရမ်းသတိရတာဘဲ ကိုကိုရယ် ဒီ၂၁ရာစုမှာ ကိုကိုရှိနေရင်သိပ်ကောင်းမှာဘဲ အူဝါးးး"

ဗိသုကာ { COMPLETED }Where stories live. Discover now