2

57.8K 4.1K 983
                                    


(Unicode)

    ဝုတ် ဝုတ် ဝုတ် အာဝူး~~~ အူး ဝုတ်.....

ညည့်နက်ချိန်ဖစ်သည်ကား ခွေးများအူလာတာကြောင့် ဗိသုကာ အိပ်လို့မရဘဲ ပြတင်းပေါက်ဖွင့်ကာ မြို့တွင်ဖစ်နေသော အကြောင်းရာများအာ ဘောပင်တချောင်းကိုင်၍ စစ်ဆေးနေသည်။

အာဝူးးး ဝုတ်! အူး

မိမိဗီဇအရ သရဲကြောက်တာကြောင့် ဟိုကြည်ဒီကြည့်ဖြင့် ကြက်သိမ်းများထလာ၏။

"ကျစ်~ မအူကြပါနဲ့တော့ဟ"

ဝုန်း!

"အမလေး ကုလားမ ဘာသံတုန်း"

နောက်‌ေြဖးကြောင်(ဂျောင်)မှ 'ဝုန်း' ဆိုသည့်အသံကြားတာကြောင့် ဗိသုကာ လန့်ဖြန်၍ထအော်မိသည်။ ထို့နောက် ဘေးတွင်ရှိသော ‌သံချောင်းကိုယူ၍ လက်ဖြင့် ကျစ်ကျစ်ပါအုံးဆုတ်ထားပြီး

"ဟူး သရဲတော့...မဟုတ်လောက်ပါဘူး... သူ...သူခိုးဘဲနေရမယ် ဗိသုကာ မကြောက်နဲ့စမ်း...ဟူး"

အရဲစွန့်၍ ကြမ်းပြင်မှခြေသံမကြားအောင်လျှောက်လာကာ နောက်ဖြေးကြောင်(ဂျောင်)သို့ အရဲစွန့်၍ သွားလိုက်သည်။ ကလကာဖြင့်ကာထားသော တံခါးဖက်အားဆွဲခါကြည့်သော...။

"ဟင် ဘာမှလည်းမရှိ... အွတ် အူး~"

မိမိ၏စကားမဆုံးခင် သန်မာသော လက်တဖက်က ပါးစပ်ရှိရာကိုလက်ဖြင့်အုပ်ပြီး ရင်ခွင်ကျယ်ထဲဆွဲထဲ့ထားတာကြောင့် ဗိသုကာ အော်လို့မရဖစ်နေသည်။

"အွတ်~ဟင့် "

"ရူး ပါးစပ်ပိတ်ပြီး ြငိမ်ငြိမ်နေစမ်း ကလေးမ"

'ကလေးမ' ဆိုသည့်စကားကြားတာကြောင့် ဗိသုကာ ကြောက်သည့်စိတ်များ ကြက်ပျောက်ငှက်ပျောက်။ မိမိက အဲ့လောက်တောင် မိန်းမတွေနဲ့တူလို့လား တူတယ်ဆိုရင်တောင် ခေါင်းပေါ်ကဆံပင်က အုန်းမို့ခွက်ကေ ညှပ်ထားတာကြောင့် အထီးလားအမလား မေးသင့်တယ်လေ။ မိမိပါးစပ်အားအုပ်ထားသည့် လက်ကြီးကို သွားဖြင့်ဖိကိုက်လိုက်၏။

"အား ~ ဟင်"

'ဘုန်းတန်ခိုး' ဒီနေ့တွင်အသစ်ရောက်လာသော မြို့အုပ်မင်းဆီ ဓားပြတိုက်ရယ်ရောက်လာခြင်းဖစ်သည်။ မိမိ၏လူများကို အိမ်ရှေ့တွင်သာစောင့်ကြည့်ခိုင်းပြီး သူတယောက်ထဲသာ မြို့အုပ်မင်းဆီသို့ရောက်လာခြင်း။

ဗိသုကာ { COMPLETED }Where stories live. Discover now