12

25.8K 1.9K 105
                                    


(Unicode)

ခြောက်ကပ်သောသစ်ရွက်ခြောက်များက ဆိုဆွတ်သော အချိန်သို့ကူးပြောင်းတော့မည်။ ဒီလက ဧပြီ(April)လ တစ်နည်းအားဖြင့် ဗိသုကာနဲ့ ကိုကိုတို့ လက်ထပ်ပြီးအကြာ တစ်လဖစ်သည်။

ဗမာ့နှစ်သစ်ကူးဖစ်သော သက်ြန်အခါတွင်တော့ တစ်နိုင်ငံလုံးတွင် ရန်ကုန်ကပိုစည်မည်ဟု ဗိသုကာထင်သည်။ ထို့ကြောင့် ရက်ထက်နှစ်မကျသည့် ဤသက်ြန်လေးရက်ထဲက တစ်ရက်ကိုတော့ ကိုကိုနှင့် ရန်ကုန်သို့သွားမည်ဟု စိတ်ကူး၏။

"ပူတူး"

"ဟုတ် ကိုကို"

"အပြင်မှာအေးတယ်လေ ပူတူးရဲ့"

"ဟီး ပူတူးက မနက်ခင်းလေရှူချင်လို့ပါနော်"

"အင်း တအောင့်နေရင်အိမ်ထဲ၀င်တော့ ကိုကို ပူတူးစားဖို့ တစ်ခုခုသွားလုပ်အုံးမယ်"

"အင်း ချစ်လိုက်တာယောက်ျားရယ်"

အစားသောက်နဲ့ပတ်သက်ရင်တော့ ကိုယ့်ပူတူးက ချက်ချင်း ယောက်ျားလို့ခေါ်သွားပြန်သည်။ 'ဖက်တီးလေးဖစ်မှ မက်မွန်သီးကို ခနခနရိုက်ကမယ်' ဆိုပြီး ဘုန်းတန်ခိုး ရင်ထဲ၌ ကြိတ်ပြောနေမိ။

"မြို့အုပ်မင်းရေ မြို့အုပ်မင်း ရှိလားဗျ"

"ကျတော်ဒီမှာ ဘာဖစ်လို့လည်း ကိုအုန်းမြင့်"

"သူကြီးက ခနလာပါအုံးတဲ့"

"အော်ဟုတ်ကဲ့ ကျတော်လာခဲ့ပါ့မယ်"

-------------
_____________

ဗိသုကာ သူကြီးအိမ်သို့ရောက်သော အခါလူတော်တော်စုံနေသည်ဖစ်၏။ မြို့အုပ်မင်းဖစ်တာကြောင့် မိမိတွက်နေရာသီးသန့်တစ်ခု လုပ်ပေးထားသည်။ ထိုနေရာတွင်ထိုင်ပြီး

"ကျတော့ကိုခေါ်တယ်ဆိုလို့"

"အင်း ပြောရမှာတော့အားနာပေမဲ့..."

စကားတစ်ကြောင်းပြောဖို့ ဝေ့လည်ကြောင်ပတ်လုပ်နေသော သူကြီးဖစ်သူကို ‌ဗိသုကာသက်ပြင်းတစ်ချက်ချကာ ကြည့်ရင်း...။

"ကျတော်အဲ့လောက်ထိ စိတ်မရှည်ဘူးနော်သူကြီး"

"ဒီကမောင်ရင်ကို မြို့အုပ်မင်း အိမ်မှာ တခနတည်းခိုဖို့တွက်ပါ"

ဗိသုကာ { COMPLETED }حيث تعيش القصص. اكتشف الآن