အခန်း-(၂၇)

4.4K 537 7
                                    

.

"ထောင်ချောက်၌ ငြိတွယ်ခြင်း"(၂)

လီဝူရှင်းသည် စကားမဆိုတိတ်ဆိတ်စွာဖြင့် လီရှဲ့ထံသို့စူးစိုက်စွာကြည့်ရှုနေရာမှ အခန်းတွင်းမှအရာများထံအကြည့်လွှဲလိုက်သည်။ သူထင်ထားသကဲ့သို့ဆေးမှုန့်များ ၊ပါဝင်ပစ္စည်းများထပ် ယမ်းစိမ်းနှင့်လက်နက်များကိုတွေ့လိုက်ရသည့်အခါ လီဝူရှင်း၏နှလုံးသားကပိုမိုအေးခဲသွားရပြီး လီရှဲ့ထံသို့စိတ်ပျက်စွာကြည့်ရှုမိရပေ၏။ လီရှဲ့ကမူ ကြုံရမည့်အပြစ်ဒဏ်အားတွေး၍တုန်လှုပ်နေသည့်ဟန်ရှိသော်လည်း သူ၏အပြုအမူအားလုံးကိုတော့
နောင်တရဟန်မတူ....။ မတ်မတ်ရပ်လျက်မြဲမြံစွာပင်ရှိနေခဲ့သည်။ လီဝူရှင်းသည်
အစအဆုံး လီရှဲ့ထံ စကားတစ်လုံး၊တစ်ပါဒမျှမဆိုပဲ ရဲမက်များထံသို့သာ အမိန့်ပေးလာခဲ့၏။

"သက်သေခံပစ္စည်းတွေသိမ်း၊ မင်းသားနှစ်ကိုပါ သေချာဂရုစိုက်ခေါ်လာခဲ့လိုက် "

"ဟုတ်ကဲ့!"

"လီဝူရှင်း!"

"......."

လီရှဲ့၏လှမ်းအော်သံကြောင့်တံခါးဝသို့ပင်ရောက်နေပြီဖြစ်သည့်လီဝူရှင်း၏ခြေလှမ်းများမှာရပ်တန့်သွားရပြီး လီရဲှဲ့ထံသို့စောင်းငဲ့ကြည့်လာခဲ့သည်။ လီရှဲ့ကမူ မထီမဲ့မြင်အပြုံးတစ်ပွင့်ဖြင့်သာရှိနေခဲ့ပြီး လီဝူရှင်းထံသို့စကားဆိုလာခဲ့၏။

"မင်းဘယ်တော့မှ သူတို့ကိုမနိုင်ဘူး "

".....မင်းတွေးချင်သလိုတွေးထားလို့ရတယ်"

လီဝူရှင်းက လီရှဲ့၏ခနဲ့မှုအား ထိုမျှသာတုံ့​ပြန်ပြီး လီရှဲ့ကိုကျောခိုင်းလျက်အခန်းတွင်းမှထွက်ခွာသွားတော့သည်။ ကျန်ရစ်ခဲ့သောလီရှဲ့မှာမူနှုတ်ခမ်းထက်၌ရှိနေခဲ့သော
ထီမထင်ပြုံးမှသည် မချိတင်ကဲအပြုံးဖြစ်သို့ပြောင်းလဲသွားရကာ ရဲမက်များလိုက်ပါပို့ဆောင်ရာဆီသို့​နောက်ပါးမှလိုက်ပါသွားရပေတော့၏။

လီဝူရှင်းသည် တနေ့တာအတွက်
ကျန်ရစ်သည့်ကိစ္စအလုံးစုံကိုဖုန်းရှောင်းယွီထံ အပ်နှံခဲ့ပြီး သူကစာအုပ်ဆိုင်ဆီသို့သာ ပြန်လာခဲ့လိုက်သည်။ အချိန်ခဏမကသောကြာမြင့်မှုကြောင့်
သူ၏ဝမ်ဖေးငြိုငြင်နေမည်လောဟူသည့်အတွေးနှင့် စိတ်တွင်းမငြိမ်မသက်ဖြစ်နေမိသော်လည်း စာအုပ်ဆိုင်၏အတွင်းတစ်နေရာ၌ သူ၏ဝမ်ဖေးက များပြားလှသောစာအုပ်များကိုစိတ်ဝင်တစားဖတ်ရှုနေသည်ကိုတွေ့လိုက်ရပေသည်။ သူ့ဝမ်ဖေး၏စိတ်မရှည်ခြင်းကင်းသည့်အေးချမ်းသောပုံရိပ်ကိုမြင်တွေ့လိုက်ရသည့်အခါ သူကစိတ်အနည်းငယ်အေးသွားရပြီး ထိုစာအုပ်စင်အနီးသို့ဖြည်းညင်းစွာချည်းကပ်မိရပေ၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now