အခန်း(၈)

8.2K 1.2K 52
                                    

(Unicode)






"ထိမ်းမြားခြင်းအမိန့်တော်"

"လက်ထပ်ရမယ်? အကိုသုံးက လက်ထပ်ရမယ်တဲ့လား။ ဒါမဖြစ်နိုင်တဲ့ကိစ္စပဲ။ ပြီးတော့ အဲ့ဒါက ယောကျာ်းလေး "

မင်းသားခြောက်လီမင်က အရှေ့အနောက် ခေါက်တုံ့ခေါက်​ပြန် လျှောက်လှမ်းရင်းနှင့်
အံ့အားသင့်စွာ တစ်ဦးတည်း တတွတ်တွတ်ရွတ်ဆိုနေပြီး
မင်းသားခုနှစ် လီဝူကျယ်က .သူ၏ရွှေအဆင်းရှိယပ်တောင်ကို တဖျတ်ဖျတ်ခတ်ရင်း သက်ပြင်းချမိလိုက်သည်။
သူ၏လေသံကမူ မည်သူမှမကြားလောက်အောင် တိုးတိမ်နေခဲ့၏။

"အိုင်း.. .
အဘွားအိုက နောက်ဆုံးတော့ အကွက်ထုတ်သုံးပြီပဲ။ "

"ညီခုနှစ် အဲ့ဒါက မဖြစ်သင့်ဘူးမလား။ ဟိုဘက်ကလည်း သဘောတူမယ်မထင်ဘူး။ ပြီးတော့ ခမည်းတော်က ဘာလို့ အကိုသုံးကို ဒီလိုလုပ်ရက်ရတာလဲ?"

လီဝူကျယ်က
လီမင်ကို ခေါင်းယမ်းပြလိုက်ပြီး ပန်းခြံတွင်းမှ အဆောင်ငယ်၌
တိတ်ဆိတ်စွာထိုင်နေသည့် အကိုဖြစ်သူ လှမ်း၍ကြည့်ရှုလိုက်သည်။
သူ၏အကိုက တိတ်ဆိတ်ငြိမ်သက်နေပြီး ဒေါသထွက်ဟန်လုံးဝမရှိ....။
သို့သော် သူ၏ရင်တွင်း၌မူ
ဗလောင်ဆူနေမှန်း
လီဝူကျယ်အတပ်သိလိုက်သည်။
သူကိုယ်တိုင်လည်း အဘွားကြီးလျန်၏ စနက်များ အကြံများကို မုန်းတီးသော်လည်း ဒီတစ်ခါတော့ စိတ်ဝင်စားဖို့ကောင်းသည်ဟုတွေးမိသည်။

အမျိုးသားဝမ်ဖေး~~~

အနှီအဖြူရောင်ဝတ်ရုံရှင် အလှလေးကို
မြင်ယောင်မိသည့်အခါ
လီဝူကျယ်၏အပြုံးက ပိုမိုကျယ်ပြန့်လာရသည်။ သူသာဆိုလျင် အမျိုးသားဝမ်ဖေးဖြစ်လျင်တောင်မှ ထိုပဟေဠိဆန်စွာ
လှပလွန်းသော အမျိုးသားလေးအား
သဘောကျနှစ်ခြိုက်မိပေဦးမည်။
အကိုတော်ကတော့ သူ၏ဘဝတက်လမ်းများကို ပိတ်ဆို့လိုက်မည်ဖြစ်သော
အမျိုးသားဝမ်ဖေးကို သဘောကျမည်မဟုတ်ချေ။

အမျိုးသားချင်းလက်ဆက်သည်က တာ့လီတိုင်းပြည်၌
အသစ်အဆန်းတော့မဟုတ်ချေ။
ဝန်ကြီးများ အမတ်များသည်လည်း သူတို့နှစ်သက်ရာ အမျိူးသားများကို ကြင်ယာအဖြစ် ထားတတ်ကြကာ
အချို့ဆိုလျင် တရားဝင်ဇနီးမယားနေရာထားကြသူများတောင်
ရှိကြသည်။ သို့သော် တော်ဝင်မိသားစုအတွက်မူ ကွဲပြားပါ၏။
တော်ဝင်မင်းသားများ
အထူးသဖြင့် ထီးနန်းဆက်ခံနိုင်ဖို့ အလားအလာရှိသူများအတွက်မူ အမျိုးသားတစ်ဦးကို
တရားဝင်ဇနီးမယားအရာထားခြင်းက
ကိုယ့်ဘဝကိုယ်ဖျက်စီးလိုက်ခြင်းသာ...။
ထိုအချက်ကိုအသုံးချကာ အဘွားကြီးလျန်က အရှင်မင်းကြီးကို အကြပ်ကိုင်၍ အကိုတော်၏ ဘဝကိုဖျက်စီးလိုက်ခြင်းပင်...။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now