အချပ်ပို- လီဝူရှင်း

6.7K 385 22
                                    

လီဝူရှင်း.....။

သူ၏နာမည်ကား
ထူးဆန်းလွန်းလှပါ၏။ သူ၏မွေးမိခင်က မီးမဖွားခင်၌ဘာသာရေးကိုင်းရှိုင်းလှသည့်ဘုန်းတော်ကြီးတစ်ပါးကိုမြင်မက်သည်ဟူသောအဆို၌ သူ၏ခမည်းတော်က ထိုအိပ်မက်ကြောင့်နှလုံးသားမရှိတွယ်တာခြင်းမရှိသောဘုန်းတော်ကြီးဟူသည့်အဓိပ္ပါယ်နှင့်ဝူရှင်း=ဟူသည့်အမည်နာမကိုပေးအပ်ခဲ့ခြင်းဖြစ်ပေ၏။

သူ၏မိခင်က အစေခံနွယ်ဖွားအမျိုးသမီးတစ်ဦးဖြစ်သော်လည်း မိမိ၏သားသမီးများကိုထီးနန်းအတွက်ပြိုင်ဆိုင်ဖို့ရာထပ်ပျော်ရွှင်စွာကြီးပြင်းလာဖို့ရာ ဂရုစိုက်ချစ်ခင်သောမိခင်ကောင်းတစ်ဦးဖြစ်ပေ၏။ သူ၏မိခင်မှာ ခမည်းတော်အချစ်ဆုံးမောင်းမတစ်ဦးဖြစ်သော်လည်းသူမ၏အဆင့်အတန်းကြောင့်မောင်းမဆောင်၌အနိုင်ကျင့်ခံအမျိုးသမီးတစ်ဦးဖြစ်ကာ
သူသည်လည်း ထိုအနိုင်ကျင့်ခြင်း၏ပစ်မှတ်တစ်ခုဖြစ်ပေ၏။

သူနှင့်တစ်နေ့တစ်ချိန်တည်းမွေးဖွားခဲ့သော်လည်း အခြေအနေမတူစွာမွေးဖွားခဲ့သောဧကရီ၏သားတော် လီလျန့်မှာလည်း သူ၏မိခင်အားကိုးနှင့် အပေါင်းအပါများနှင့်အတူ
လီဝူရှင်းကိုအမြဲတစေအနိုင်ကျင့်ခဲ့သည်။ တော်ဝင်စာသင်ကျောင်း၌လည်း သူအဆင့်တစ်ရလေတိုင်း လီလျန့်ကသူ့အပေါင်းပါများနှင့်ရိုက်နှက်ရုံသာမက သူ၏မိခင်ပိုင်ကွေ့ရန်ကိုမုန်းတီးသည့် ဧကရီလျန်မှာ လီလျန့်သူ့ကြောင့်ငိုကြွေးရသည်ဆိုသောအကြောင်းပြချက်နှင့် သူ့ကိုကြိမ်ဒဏ်ပေးခဲ့သည်။
ထိုအချိန်က အားနည်းကာစိတ်ထားနူးညံ့သည့်လီဝူရှင်းမှာ ဧကရီလျန်နှင့်အိမ်ရှေ့စံကအဘယ်ကြောင့်သူ့ကိုမုန်းတီးကာအနိုင်ကျင့်နေရသနည်းဆိုသည်ကိုနားမလည်ခဲ့ပေ။

သူ၏မိခင်ကလည်း ဧကရီလျန်နှင့်အိမ်ရှေ့စံပေးသမျှသူ့ကိုယ်ပေါ်မှ
ဒဏ်ရာများကို ဆေးလိမ်းပေးရင်းနေ့တိုင်းငိုကြွေးနေခဲ့ရသည်။ သူမက လီဝူရှင်း၏သေးကွေးသောခန္ဓာထက်မှအမာရွတ်များ၊ညိုမဲစွဲသည့်ဒဏ်ရာများကိုကြည့်ရှုရင်းမျက်ရည်ဝေသည့်မျက်ဝန်းများဖြင့်အမြဲဆိုတတ်သည်။

"အမေ့အမှားတွေပါ။ အမေသာအားမနည်းခဲ့ရင်သားဒီလိုအနိုင်ကျင့်ခံရမှာမဟုတ်ဘူး။ "

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now