အခန်း-(၃၂)

3.5K 438 5
                                    

(Unicode)

အနိုင်ကျင့်မခံသော ရန်ဝမ်ဖေး

လီတိုင်းပြည်၌ ယန်အိမ်ရှေ့စံလုပ်ကြံခံရလုနီးနီးဖြစ်သွားခဲ့သော ကိစ္စကြောင့် လီတိုင်းပြည်တစ်ခွင်အုတ်အော်သောင်းနင်းဖြစ်သွားရကာ ယန်တိုင်းပြည်ဘက်က မကျေနပ်သည့်အရိပ်အယောင်ရှိသည်မို့ လီတိုင်းပြည်မှာ အခြေအနေ
အကျပ်အတည်းထဲသို့ရောက်ရှိနေရပေသည်။ သို့သော် ယန်အိမ်ရှေ့စံက ထူးခြားစွာဖြင့်ပင် စိတ်မဆိုးခဲ့သည်မို့ ကိစ္စများကအဆင်ပြေချောမွေ့စွာပြီးဆုံးသွားခဲ့သည်။လီတိုင်းပြည်နှင့်ယန်တိုင်းပြည်၏ချစ်ကြည်ရေးတည်ဆောက်မှုမှာလည်း ပြဿနာတစ်စုံတစ်ရာမျှမရှိတော့ပဲ အောင်မြင်သွားခဲ့သည်ဟုဆိုရပေမည်။
တာ့လီနှင့်ယန်တိုင်းပြည် နှစ်ပြည်ထောင်ချစ်ကြည်ရေးဖော်ဆောင်သည်က
လီအိမ်ရှေ့စံ၏ ကြိုးစားမှုဖြစ်သည်မို့ အိမ်ရှေ့စံလီလျန့်မှာ ဧကရာဇ်၏အသိအမှတ်ပြုမှုကိုရရှိသွားကာ အိမ်ရှေ့စံ၏နေရာမှာတည်မြဲဟန်ရှိလာခဲ့သည်။ ထိုအခါ လီဝူရှင်း၏ဘက်တော်သားများမှာ နေမထိထိုင်မသာဖြစ်ကုန်ရသည်။ ရန်သူ၏အားသာခြင်းက သူတို့၏အားနည်းခြင်းဖြစ်သည်မို့ မြောက်ပိုင်းနယ်မှ လီဝူရှင်းအမြန်ပြန်ရောက်လာစေရန် မျှော်လင့်နေကြရပေ၏။

ယီကွမ်းအနေနှင့်မူ သူက ဝမ်ဖေးတစ်ပါးသာဖြစ်သည်မို့ လီတိုင်းပြည်အရေးက သူနှင့်မသက်ဆိုင်သည့်အလား တည်ငြိမ်စွာရှိနေခဲ့သည်။
ရန်ဝမ်ဖူမှလူများမှာလည်း သူတို့၏ဝမ်ဖေးမှာအလွန်အေးဆေးကာ နိုင်ငံ့အရေးဝင်မပါခြင်းကိုတွေ့ရသည့်အခါ သက်ပြင်းသာချမိရပေသည်။ အခြားသောဝမ်ဖေးများမှာ မိမိခင်ပွန်းအာဏာရရေးအတွက်ထောက်ပံ့ကာ ကြိုးစားတိုက်ခိုက်နေကြသော်လည်း ရန်ဝမ်ဖေးက တိုင်းတစ်ပါးသားပေမို့ လီတိုင်းပြည်အရေးကိုစိတ်ဝင်စားဟန်ရှိပုံမတူပါချေ။ ရန်ဝမ်ဖူမှလူများမှာ ရန်ဝမ်ဖူတည်မြဲရေးကိုရှေးရှူတွေးမိသော် သက်ပြင်းသာချမိရပြီး မိမိအလုပ်ကိုသာ ကိုယ်စီလုပ်ကြရပေတော့၏။

ရန်ဝမ်ဖူ လင်းဟွေ့အဆောင်၌~

"ဝမ်ဖေး ~ အရှေ့နန်းဆောင်က သတင်းပို့လာပါတယ်။ ထိုက်ဇီဖေး*နဲ့အခြားမင်းကတော်တွေက ရန်ဝမ်ဖူကို မနက်ဖြန်အလည်လာပါမယ်တဲ့ "

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now