အခန်း-(၅၂)

2.4K 284 10
                                    

"ပြိုလဲပျက်စီးမှု"

"အသုံးကိုမကျဘူး! မိစ္ဆာသိုင်းသမားဟုတ်လား! ပျော့ညံ့တဲ့ကောင်လေးတစ်​ယောက်ကိုတောင်မသတ်နိုင်ဘူး! "

ဧကရီလျန်သည် သူမ၏မအောင်မြင်သောအကြံအစည်များအတွက် ဒေါသမာန်ဟုန်ပြင်းလျက်ရှိနေခဲ့သည်။ သူမ၏အပျိုတော်ရုလျန်က လက်ဖက်ရည်ဆက်သလာသော်လည်းသူမက လက်ဖက်ရည်ခွက်ကိုဒေါသဖြင့်ပေါက်ခွဲလိုက်ပြီး ထိုင်ခုံနေရာ၌ဒေါသတကြီးထိုင်နေခဲ့သည်။ သူမကထိုနေ့မှကိစ္စအလုံးစုံကိုစီစဥ်ခဲ့ခြင်းဖြစ်ပြီး
ဒဏ်ရာရသွားသည့်လီဝူရှင်းကသေဆုံးမသွားသည်ကို ကြားသိရသည့်အခါပို၍ပင်ဒေါသထွက်မိရပေသည်။ထို့အပြင်သူမ၏သားတော်ကိုဤအခြေအနေဖြစ်အောင်ပြုလုပ်ကာသူမကို ဤကဲ့သို့ပြုလုပ်ရအောင် လမ်းဆုံးကိုတွန်းပို့ခဲ့သော တိုင်းတစ်ပါးဝမ်ဖေးမှာလည်းဒဏ်ရာအနည်းငယ်သာရရှိပြီးအကောင်းပကတိရှိနေသေးပေသည်။ထို့အပြင် ရန်ဝမ်ဖေးက သူ၏ကိုယ်ပိုင်အရိပ်တပ်ဖွဲ့ပြင်ရှိနေသေးသည်ကိုသိရသည့်အခါ ထိုကောင်စုတ်လေး၏ကောက်ကျစ်စဥ်းလဲသောဥာဥ်ကို ယခုမှသတိပြုမိရပြီး သူမလျှော့တွက်မိမှန်းသတိထားမိရပေ၏။

"အဲ့လိုကောင်စုတ်လေးကိုငါသတိထားခဲ့သင့်တာ လီဝူရှင်းကိုပဲဂရုစိုက်နေမိလို့ မြွေလိုအဆိပ်ပြင်းတဲ့လူမျိုးကိုသတိမထားမိဘူး။"

"ဧကရီမယ်မယ် "

"ဘာလဲ!"

"ရုဝမ်ရောက်လာပါပြီ။ "

ဧကရီလျန်မှာရုဝမ်ဟူသည့်အမည်ကြားသည်နှင့် ထိုရန်ဝမ်ဖေး၏လှုပ်ရှားမှုများကိုစောင့်ကြည့်ခိုင်းထားသောအပျိုတော်မှန်းမှတ်မိသွားရကာ ရုလျန်ကိုပြောကြားလာခဲ့၏။

"ခေါ်ခဲ့"

"ဟုတ်ကဲ့ "

ရုဝမ်မည်သည့်အပျိုတော်မှာယဥ်ကျေးသိမ်မွေ့သောအသွင်ရှိပြီး သူမကဧကရီလျန်ကိုအမြင်ဒူးထောက်လျက်ရိုသေစွာဂါရဝပြုလာသည်။ဧကရီလျန်သည်ကားထုံးတမ်းများဂရုစိုက်နေနိုင်သည့်အခြေအနေမဟုတ်သည်မို့ သူမကိုလျင်မြန်စွာမေးမြန်းလာခဲ့၏။

"ဘယ်လိုအခြေအနေရှိလဲ?"

"ရန်ဝမ်ဖေးက လွန်ခဲ့တဲ့တစ်ပတ်က
မနက်အစောကြီး တျန်းရှင်းနန်းဆောင်ကိုသွားခဲ့ပါတယ်။ ပြီးတော့ ရန်ချင်းဝမ်နဲ့အတူ အရေးကြီး
စကားပြောစရာရှိတယ်ဆိုပြီး ကျွန်မတို့အားလုံးကိုမောင်းထုတ်ပြီးစကားအကြာကြီးပြောခဲ့ပါသေးတယ်။ ဘာတွေပြောကြလဲဆိုတာတော့ ဒီအစေခံလည်းမသိရပါဘူး။"

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now