အခန်း-(၁၆)

9K 1.2K 74
                                    


'မငြင်းပယ်နိုင်ခဲ့လေသော'

ယီကွမ်းမှာ ရန်ဝမ်ဖူသို့ခြေချမိသည်နှင့်
လီဝူရှင်းကို တန်ပြန်လှည့်ပင်မကြည့်တော့ပဲ
လင်းဟွေ့အဆောင်သို့သာ လျင်မြန်စွာ ဦးတည်မိ၏။

လင်းဟွေ့အဆောင်သို့ ပြန်ရောက်လျင်ရောက်ချင်း အနားယူချင်သည်မို့
မိန်းကလေးနှစ်ဦး၏
မေးခွန်းထုတ်ဟန်အကြည့်များကို လျစ်လျူရှုလျက် အပြင်သို့ မောင်းထုတ်ကာ
သူ အိပ်ရာထက်၌ အလျင်လဲလျောင်းမိသည်။ သူ၏လက်ဖျား၊ခြေဖျားများသည်လည်း အေးစက်၍နေပြီး မျက်လုံးထဲ၌ ယခင်ဘဝမှအဖြစ်အပျက်များကိုသာ
မြင်ယောင်နေမိကာ သူ၏နှလုံးသားက ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်မို့ ခန္ဓာကိုယ်ကို ကွေးထားမိလိုက်သည်။ သူ၏ခန္ဓာကိုယ်သည်ကား စိတ်နှလုံးနှင့်အတူ မသက်မသာဖြစ်မှုကိုခံစားနေသည်မို့ တစ်ကိုယ်လုံး ချွေးများရွှဲရွှဲစိုလာရသည်။

ခဏအကြာမှသာ သူ၏စိတ်များက ပြန်တည်ငြိမ်လာရပြီး ဝေဝါးနေခဲ့သောမျက်ဝန်းနက်နက်တစ်စုံက
ပြန်လည်ကြည်လင်လာခဲ့၏။ သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ကာမှ
မိအာနှင့်ပိအာကို ရေချိုးရန်အတွက် ပြင်ဆင်ပေးရန် လှမ်းခေါ်မိသည်။ မိန်းကလေးနှစ်ဦးမှာ မူမမှန်သော ယီကွမ်းကြောင့် စိုးရိမ်ပူပန်ကာ မေးမြန်းလိုက်ချင်မိသော်လည်း ယီကွမ်း၏စကားမဆိုချင်သည့်အသွင်ကို ရိပ်စားမိသည်မို့ တိတ်တဆိတ်သာ သူမတို့၏အရှင့်သား
ရေချိုးရန်အတွက်
ပြင်ဆင်ပေးနေလိုက်သည်။

ရေချိုးကန်အဆင်သင့်ဖြစ်သောအခါ
မိအာနှင့်ပိအာက အလိုက်တသိ တံခါးပိတ်ကာထွက်ခွာသွားသည်မို့ ယီကွမ်းမှာ
အိပ်ရာထက်မှ ထမိလိုက်သည်။ သူ၏အစိမ်းရောင်ဝတ်ရုံလွှာကိုဖယ်ခွာလိုက်ပြီး အောက်မှဝတ်ရုံကိုပါဖယ်ရှားလိုက်သည့်နောက် သူ၏နူးညံ့ဖြူစင်လှသော အသားအရည်ကလှစ်ဟပေါ်လွင်လာခဲ့ပြီး ထိုပြစ်မျိုးမှဲ့မထင် အသားအရည်ထက်...နှလုံးသားတည်ရှိရာ ဘယ်ဘက်ရပ်ဝန်းနေရာ၌
တိမ်လွှာနှင့်မီးလျှံများ
ဝန်းရံထားသော မှင်တံဆိပ်နက်နက်က
ထင်ဟပ်လျက်ရှိ၏။ ထိုတံဆိပ်မှာ
ထျန်းတိ၏အမှတ်အသားဖြစ်ပြီး
မည်သို့မှဖျောက်ဖျက်မရသော အဓိပ္ပါယ်လည်းဖြစ်ပေ၏။ ထိုတံဆိပ်ကို ခတ်နှိပ်ရသည်က ထျန်းတိ၏ပထမအခက်အခဲဖြစ်ပြီး နာကျင်မှုသည်ကား နှလုံးသားကိုအချွန်တစ်သောင်းနှင့် ထိုးသကဲ့သို့ပင်.... ။
နာကျင်မှုကား ကုဋေကုဋာ....။
သို့သော် ပြန်ရသောဆုလာဘ်သည်ကား
ဆုလာဘ်သည်ကား ထိုက်တန်ပါ၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now