(Unicode)
"ရှောင်လွှဲ၍မရနိုင်သည်လော" (၂)
"ကွမ်းအာ~ ဒီနေ့ညပွဲကို တစ်ကယ်မသွားဘူးလား?"
လီတိုင်းပြည်သံတမာန်များကို ကြိုဆိုသည့်ဧည့်ခံပွဲတက်ရောက်ရန် ပြင်ဆင်ပြီးဖြစ်သည့်
အိမ်ရှေ့စံ အကိုအကြီးဆုံး ယီကျိုးက ချီစစ်အဆောင်တော်သို့အဝင်~~ဆံပင်ကိုလျော့ရဲရဲစည်းနှောင်ထားပြီး
ဝတ်ရုံဖြူပါးလျလျနှင့်သာရှိနေသည့် ယီကွမ်းကြောင့်
မေးခွန်းပြုလာသည့်အခါ ယီကွမ်းက အသာခေါင်းခါပြဖြစ်၏။"ကျွန်တော်မသွားချင်ဘူး။"
"ဘာလို့လဲ?"
"ပွဲတစ်ဝက်နဲ့တင် အိပ်ပျော်သွားလိမ့်မယ်။ ပြီးတော့ နေ့လည်စာစားတုန်းက
ကျွန်တော် မှိုစားမိသွားတယ်ထင်တယ်။""ဘာ!!! သမားတော်နဲ့ပြပြီးပြီလား။ အဆင်ပြေရဲ့လား? ဘယ်နားနာနေသေးလဲ။ အဖုအပိန့်တွေထွက်လာသေးလား။ ဆေးရောသောက်ဖို့လိုသေးလား! တော်တော်ဆိုးဝါးလား!"
အကိုကြီး ယီကျိုးက အစိုးရိမ်ကြီးဟန်ဖြင့်
စကားများမပြတ်တမ်း တရစပ်ဆိုပြီး
ယီကွမ်းအား သမားတော်ထံသို့ ယခုချက်ချင်းထမ်းခေါ်သွားမည့်ပုံ ပြုနေသည်မို့ ယီကွမ်းမှာ အပြုံးတစ်ပွင့်နှင့်
တားမြစ်စကားဆိုလိုက်ရ၏။"ကျွန်တော်အဆင်ပြေပါတယ်။ ဒါပေမယ့် နားမှရလိမ့်မယ်။ "
ယီကျိုးသည်ကား ညီတော်အား
စိတ်ပူနေသေးဟန်ဖြင့် ကြည့်ရှုပြီး...."တစ်ကယ်ပြေတာပါနော် ?"
"အင်း အကိုကြီး စိတ်မပူပါနဲ့။ ကျွန်တော်နားလိုက်ရင် ကောင်းသွားမှာပါ။ စားပွဲက စတော့မယ်ထင်တယ်။ သွားတော့ရင်ကောင်းမယ်ထင်တယ်။ "
"အင်း..ဒါဆို အကိုကြီးနောက်မှ ထပ်လာခဲ့မယ်။ နေမကောင်းရင် သမားတော်ချက်ချင်းခေါ်ဖို့မမေ့နဲ့ "
"ဟုတ်ကဲ့ "
အကိုကြီး ထွက်ခွာသွားသည့်အချိန်မှ ယီကွမ်းမျက်နှာထက်မှ အပြုံးများက ပျောက်ကွယ်သွားရကာ အေးစက်မှုများသာ အစားထိုးဝင်ရောက်လာတော့၏။
ယီကွမ်းမှာအားအင်ဖျော့တော့စွာနှင့်
မေပယ်လ်ဥယျာဥ်တော်တွင်းရှိ ကျောက်သားစားပွဲ၌ နေရာယူလိုက်ပြီး
နံဘေး၌ ရှိနေခဲ့သော ပိအာကို လှမ်း၍ ညွှန်ကြားလိုက်ပေသည်။
YOU ARE READING
||Lost Love|| (矢恋 ) (Completed)
Historical FictionWarning:This is not a translation!!! Characters and plot are all mine. It's my Own Creation. ယီကွမ်းသည် ထိုစဥ်က အလွန်ငယ်ရွယ်ခဲ့သည်။ သူသည် မစဥ်းစားပဲ အမြဲတစေ လီတိုင်းပြည်မှ ရန်ချင်းဝမ်ကိုသာ အလိုရှိခဲ့ပြီး တိုင်းပြည်ပျက်သုဥ်းခဲ့ရသည့်တိုင် သူ့ကိုချစ်...