အခန်း-(၃၆)

3.8K 460 11
                                    

(Unicode)

ယနေ့၌
မနက်ခင်းအစကတည်းက ရန်ဝမ်ဖူလင်းဟွေ့အဆောင်သည်ဆူညံသံများနှင့်
အသက်ဝင်လှုပ်ရှားနေခဲ့၏။

ယီကွမ်းမှာ သူ၏အစ်ကိုရှစ်ရောက်ရှိလာမှုကြောင့်ကြိုဆိုရန်နန်းတော်သို့သွားရောက်ရမည်ဖြစ်ပြီး မတွေ့တာကြာပြီဖြစ်သောအစ်ကိုတော်ကြောင့် မိမိကိုယ်ကိုသပ်ရပ်တင့်တယ်စွာ ဝတ်စားပြင်ဆင်ရင်းအလုပ်ရှုပ်နေခြင်းဖြစ်ပေသည်။ သူကငွေရောင်ကြိုးလေးများဖောက်ထားသောတန်ဖိုးကြီး
အဖြူရောင်ဝတ်ရုံထည်အားဝတ်ဆင်လိုက်ပြီး ကျောက်စိမ်းအဆောင်အယောင်ကိုဆင်​မြန်းကာ မိမိကိုယ်ကိုဝတ်စားပြင်ဆင်ပြီးနောက်
လင်းဟွေ့အဆောင်မှထွက်လာခဲ့သည်။

ရန်ဝမ်ဖူမှလူတိုင်းမှ အနှီအေးစက်လှသောသူတို့ဝမ်ဖေးမှာ စိတ်ပျော်ရွှင်နေမှန်းအတပ်ပြောနိုင်ပေ၏။ သူ၏အေးစက်စက်မျက်ဝန်းများထက် အလင်းလဲ့လဲ့လေးထင်ဟပ်နေခဲ့ကာ နှုတ်ခမ်းစွန်းလေးက
အနည်းငယ်မြင့်တက်နေခဲ့ပေသည်။
ယီကွမ်းမှာ လှည်းယာဥ်ပေါ်သို့တက်လိုက်ရုံပင်ရှိသေးသည်။ဖုန်းရှောင်းယွီက ဝမ်ဖူဘက်သို့အပြေးအလွှားရောက်လာသည်ကိုတွေ့ရှိလိုက်ရပြီး ယီကွမ်းကိုအမြင်နှုတ်ဆက်လာ၏။

"ဝမ်ဖေး မင်္ဂလာပါ။ "

"စစ်သူကြီးဖုန်း ထိတ်ထိတ်ပြာပြာနဲ့ ဘာဖြစ်ရတာလဲ?"

ဖုန်းရှောင်းယွီကထိုအမေးကြောင့်ရှက်ရွံ့ဟန်အနည်းငယ်ရယ်မောလာပြီး သူ၏ဝတ်ရုံလက်အတွင်းမှတစ်စုံတစ်ခုကိုထုတ်ယူလာသည်။ ဤသည်က တန်ဖိုးကြီးသစ်သားဖြင့်ထုဆစ်ထားသောဘူးငယ်တစ်ခုဖြစ်ပြီး အတွင်း၌ပစ္စည်းကလည်းတန်ဖိုးကြီးသောတစ်စုံတစ်ခုဖြစ်ရပေမည်။ ယီကွမ်းက ဖုန်းရှောင်းယွီ၏အပြုအမူကို မျက်ခုံးပင့်လျက်မေးခွန်းထုတ်လာခဲ့သည့်နောက် ဖုန်းရှောင်းယွီကဖြေလာ၏။

"ဒါက ဝမ်ရယ် စီစဥ်ခိုင်းထားတာပါ။ ယီမင်းသားရှစ်က ကျောက်စိမ်းထည်တွေကိုသဘောကျတယ်ကြားတယ်။ဒါက လီတိုင်းပြည်ရဲ့အတော်ဆုံးပညာရှင် ရှဟုန်ရဲ့ လက်ရာမို့ ယီမင်းသားရှစ်သဘောကျမယ်လို့ထင်ပါတယ်။ "

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now