အခန်း-(၄၀)

3K 327 5
                                    

(Unicode)



ယုန်ကိုဆင်သည့်ကျော့ကွင်း၌
ကျားကိုမိခြင်း

လီဝူရှင်း၏တင်းကြပ်သောပွေ့ဖက်မှုအောက်မှယီကွမ်းမှာအသက်ရှူမဝဖြစ်လာရပြီး သူ၏လက်ကျန်အားအလုံးစုံကိုသုံးကာ လီဝူရှင်းကိုတွန်းထုတ်ပစ်လိုက်သည်။ သူက လီဝူရှင်း၏ခံစားချက်များနှင့်ကစားဖို့ရာအချိန်မရှိသည်မို့ အိပ်မက်ယောင်မှနိုးလာသည့်လူအလား ယီကွမ်းထံသို့အံ့အားသင့်စွာကြည့်ရှုနေသော လီဝူရှင်းထံသို့အေးစက်ခြင်း၊မနှစ်မြို့ခြင်းများပြည့်နှက်သောမျက်ဝန်းအစုံဖြင့်ကြည့်ရှုမိရသည်။

"အစကတည်းကပြောထားဖူးမယ်ထင်ပါတယ်။ ကျွန်တော့်ကိုအခြားလူတစ်​ယောက်ထိတွေ့တာကိုမကြိုက်တဲ့အကြောင်း..... "

"........"

"ဒီလိုစိတ်ပျက်စရာကောင်းတဲ့အပြုအမူမျိုးကို နောက်တစ်ခါမလုပ်မိပါစေနဲ့။ဝမ်ရယ့်လိုအကျင့်သိက္ခာရှိတဲ့သူက စောင့်ရမည့်စည်းကိုသိမယ်လို့မျှော်လင့်ပါတယ်။ "

ယီကွမ်း၏အေးစက်စက်စကားများက ဓားထက်ထက်များအလား.....။
လီဝူရှင်းမှာမည်သို့မှပြန်လည်မတုံ့ပြန်နိုင်ခဲ့ပေ။ ယီကွမ်းသည်ကား ထီးတစ်ချောင်းနှင့်အတူပြန်လည်ရောက်ရှိလာသော ပိအာက မိုးရေများစိုရွှဲနေသည့်သူ့ကိုအံ့အားသင့်စွာကြည့်ရှုနေသည်မို့ မြေပြင်ထက်မှထီးကိုပြန်လည်ကောက်ယူလိုက်ပြီး ထွက်ခွာသွားတော့သည်။ ပိအာကမူ သူမလက်တွင်းမှထီးကို ရန်ချင်းဝမ်ထံပေးရနိုးနိုး၊သူမ၏အရှင့်သားနောက်ပါးသို့ပဲ​ပြေးလိုက်ရနိုးနိုးဗျာများနေစဥ်၌ အိမ်တော်ထိန်းဖုချိုက ကယ်တင်ရှင်အနေနှင့်ရောက်ရှိလာပြီးသူမလက်တွင်းမှထီးကိုယူကာ ယီကွမ်းနောက်သို့လိုက်စေ၏။
ပိအာမှာအိမ်တော်ထိန်းအားကျေးဇူးတင်ဟန်တစ်ချက်ကြည့်လျက် ယီကွမ်းနောက်သို့ပြေးလိုက်သွားတော့သည်။

ဖုချိုကမူ ထီးအသစ်အားဖွင့်၍ မိုးရေထဲ၌တစ်ကိုယ်တည်းအထီးကျန်စွာရပ်တန့်နေခဲ့သောလီဝူရှင်းထံသို့ဆောင်းမိုးပေးလာ၏။

"ဝမ်ရယ် မိုးရေကအရမ်းအေးပါတယ်။ အအေးမိလိမ့်မယ်။ အဆောင်တော်ကိုပြန်ရအောင်ပါ။ "

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now