အခန်း(၁၄)

8.3K 1.2K 40
                                    


(Unicode)

"ထူးဆန်းသောအိပ်မက်များ "

မဂ်လာပွဲမှာ ကသောင်းကနင်းဖြစ်ကာ
ပြီးစီးသွားခဲ့သော်လည်း
လင်းဟွေ့အဆောင်၌ ထိုင်ကာ မဂ်လာထုံးတမ်းများအတိုင်း သတို့သားကို
စောင့်ဆိုင်းနေခဲ့ရသော ယီကွမ်းက အချိန်အတော်ကြာသည့်တိုင်
ငြိမ်သက်နေခဲ့ပြီးမှ သူ၏ ခေါင်းထက်မှ ပဝါနီကို ဖြည်းညင်းစွာ ဆွဲဖြုတ်လိုက်သည်။ သူ၏အလှအပအနည်းငယ်
ခြယ်သထားသော
မျက်နှာလှလှထက်၌မူ အပြုံးတစ်ပွင့်ကို ချိတ်ဆွဲ၍ထား၏။

ကျိုးယင်မှာ
ထိုကွမ်းယွီ၌ရှိနေခဲ့သည့်
ထျန်းတိအဖွဲ့အစည်းမှ
လက်သပ်မွေးထားသော သူလျှို၏ အကြံအစည်ကို
လက်ခံလိုက်ကာ
သူမက သူလျှို၏အကြံအစည်အတိုင်း
ထိုမျှပင်
ဇာတ်လမ်းကို
လှလှပပကပြသွားနိုင်မည်မှန်း
ထင်မထားခဲ့ချေ။ လီဝေ့မျန့်အနီး၌ သူမကအချိန်အတော်ကြာရှိလာခဲ့သည်ဆိုခြင်းက မှန်ကန်သော်လည်း သူမပြောသမျှအရာအားလုံးကတော့ အမှန်များမဟုတ်ပေ။
သူမက လီဝေ့မျန့်ကို အလွန်နာကြည်းနေ၍သာ သူတို့၏အကြံအစည်ကို လက်ခံပြီး သူတို့ပြောခိုင်းသမျှအရာအားလုံးကို
ပြောဆိုခဲ့ခြင်းသာလျင်ဖြစ်၏။

ယီကွမ်းမှာ လီဧကရာဇ်၏
ပျက်ယွင်းသွားသောမျက်နှာနှင့်အတူ
သူ့ထံသို့ကြည့်ရှုလာသော
အားနာဟန်အကြည့်ကို ရှူခြင်းဖြင့်
သည်ကိစ္စကို ဤအတိုင်းသာ
ကျော်သွားမည်မဟုတ်ပေ။
ကျော်သွားချင်လျင်တောင်မှ
ရမည်မဟုတ်ပေ။
ယနေ့ ရန်ဝမ်ဖူ၌ဖြစ်ပျက်ခဲ့သမျှက မနက်ဖြန်၌ မြို့တော်တခွင်မှ
သတင်းထူးဖြစ်နေပေလိမ့်မည်။
ယီတိုင်းပြည်က သိရှိသွားခဲ့လျင်ကောင်း သတင်းကောင်းတစ်ခု
ဖြစ်လာမည်မဟုတ်ပေ။

အတိတ်ဘဝ၌ သူက ခမည်းတော်
သူနှင့်လီဝူရှင်းကို ခွဲပစ်မည်အား စိုးရိမ်၍ စကားမဆိိုပဲ လီဝေ့မျန့်နှင့်လီရှဲ့၏ပြစ်မှုကို သည်အတိုင်းသာဖုံးကွယ်ခဲ့သည်။

ယခုအချိန်၌မူ ယခင်ဘဝမှ
သူ့ကိုထိခိုက်နာကျင်စေခဲ့သော မည်သူ့ကိုမှ အလွတ်ပေးတော့မည်မဟုတ်ပေ။

လီဝေ့မျန့်က သူ၏လက်စားချေမှုမှ
ပထမဆုံးသင်ခန်းစာပင်....။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now