အခန်း-(၃၉)

3.2K 337 4
                                    

(Unicode)

ဥပါယ်တံမျဥ် (၂)

နောက်တစ်နေ့မနက်ခင်းသို့ရောက်လာသည်နှင့် မနေ့ညမှအတင်းအဖျင်းမှာ
တောမီးသဖွယ် ပျံ့နှံ့သွားတော့သည်။
​မြောက်ပိုင်းနယ်စစ်သူကြီးလီဝူရှင်းကဘေးမသီရန်မခပဲဝမ်ဖူသို့ပြန်ရောက်နေသည့်သတင်းနှင့်အိမ်ရှေ့စံက ရန်ချင်းဝမ်မရှိဘူးအထင်နှင့်ရန်ဝမ်ဖေးကိုအနိုင်ကျင့်ရန်ဝမ်ဖူသို့ခိုးဝင်လာခြင်းဟူသည့်သတင်းနှစ်ခုကမုန်တိုင်းတစ်ခုအလားမြို့တော်တစ်ခုလုံးကိုအုတ်အော်သောင်းတင်းဖြစ်သွားစေခဲ့သည်။သို့သော်လူတိုင်း၏ပါးစပ်ဖျား၌မူပို၍အတင်းအဖျင်းလုပ်၍ကောင်းသောဒုတိယမြောက်သတင်းကိုသာပြောဆိုနေကြပေ၏။

လီဝူရှင်းကအားလုံးကိုနှုတ်ပိတ်နေရန်စေခိုင်းထားသော်လည်း ပါးစပ်တစ်ပေါက်ကိုပိတ်ရန်ပင်မလွယ်လှသည်မို့ ရန်ဝမ်ဖူမှလူများ၏ပါးစပ်အကုန်လုံးကိုလည်းလိုက်လံပိတ်ပင်ရန်မလွယ်လှချေ။ သို့သော်
အိမ်ရှေ့စံ၏ရန်ဝမ်ဖေးအပေါ်ဆက်ဆံပုံအတင်းအဖျင်းကောလဟာလက ပျံ့နှံ့လာခဲ့သော်လည်းမည်သူကမှမယုံကြည်ကြချေ။ရန်ဝမ်ဖူကအရှေ့နန်းဆောင်ကိုတိုက်ခိုက်ချင်သည်ဟုပင်ထင်ကြကာ သူတို့၏စကားများကိုလျစ်လျူရှုထားခဲ့သည်။ဤသည်က အလှပြင်နံ့သာမိတ်ကပ်အားလာရောက်ဝယ်ယူသောအပျော်မယ်အမျိုးသမီးငယ်၏စကားမကြားရသေးခင်ထိပင်...။ အလှကုန်ပစ္စည်းအရောင်းဆိုင်ချွေ့ဟယ်တွင်စုရုံးနေကြသောအတင်းအဖျင်းစကားဝိုင်း၌
ရန်ဝမ်ဖူကအိမ်ရှေ့စံရာထူးကိုလိုချင်၍ဤသို့သတင်းမျိုးထုတ်လွှင့်ခြင်းဖြစ်ရမည်ဟူသောအဆိုအားအကြား အပျော်မယ်မိန်းကလေးမှာ နှာခေါင်းရှုံ့လာခဲ့သည်။ သူမကလူအုပ်စုအားကြည့်ရှုရင်းသူမ၏ထင်မြင်ချက်ကိုဆိုလာခဲ့၏။

"ကျွန်မကတော့အဲ့လိုမထင်ဘူးရှင်။ ရန်ချင်းဝမ်က အိမ်ရှေ့စံရာထူးတပ်မက်တယ်ဆိုရင် ဒီလိုသတင်းလွှင့်လို့သူ့မှာဘာအကျိုးမှမရှိဘူးလေ။
အခုဟာက သူဘယ်လောက်သူ့ဝမ်ဖေးကိုချစ်ပြီးကာကွယ်ပေးလဲမြင်နေရတာပဲ။ဇနီးကိုချစ်တဲ့ခင်ပွန်းတစ်​ယောက်က သူ့ဇနီးသိက္ခာကျစေမယ့်ကောလဟာလမျိုးလွှင့်ပါ့မလား? "

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now