အခန်း-(၅၃)

2.5K 292 14
                                    

"ခြောက်ခြားဖွယ်အမှန်တရား"

တစ်ပတ်ဟူသောအချိန်မျှနှင့်လီတိုင်းပြည်၏အခြေအနေက
တမဟုတ်ချင်း
ပြောင်းလဲသွားခဲ့သည်။ လုပ်ကြံသတ်ဖြတ်မှုကဧကရီ၏လက်ချက်ဟုအဖြေထွက်လာခဲ့ပြီး ဧကရီကအခြားသောမရေတွက်နိုင်သည့်ပြစ်မှုများကိုကျူးလွန်ခဲ့သည်ဟုဆိုသည်။ ဧကရီလျန်၏ကျောထောက်နောက်ခံဖြစ်သောလျန်မျိုးနွယ်မှာလည်း အကြီးအကဲသေဆုံးမှုကြောင့်အုတ်အော်သောင်းတင်းဖရိုဖရဲဖြစ်နေကြလျက်ရှိပြီးများမကြာခင်မှာပင် ပုန်ကန်မှုနှင့်စွဲချက်တင်ရလောက်သည့်စစ်တပ််များနှင့်လက်နက်စုဆောင်းမှုများကိုလျန်များကပြုလုပ်နေကြောင်းသက်သေရှာဖွေတွေ့ရှိခဲ့သည်။
ဧကရီလျန်၏အဆုံးသတ်မှာ ဤမျှနှင့်ပင်တွေးကြည့်၍ရနိုင်လောက်ပေပြီ။
သူမ၏အဆုံးသတ်မှာသေချာပေါက်
မကောင်းနိုင်လောက်ပါချေ။

ထို့အပြင်လီတိုင်းပြည်ကိုနှစ်ပေါင်းများစွာအုပ်စိုးခဲ့သောလျန်မျိုးနွယ်မှာလည်းခေါင်းမထူနိုင်လောက်ကာကျဆုံးသွားခဲ့ပြီဖြစ်သည်မို့ လီတိုင်းပြည်၏ကံကြမ္မာကတမျိုးတမည်ပြောင်းလဲလာနိုင်ကြောင်း လူအများကထင်ကြေးပေးနေကြပေ၏။

ယီကွမ်း၏ဘက်၌မူ သူနှင့်လီဝူရှင်းမှာဒဏ်ရာကြောင့်အနားယူရန်အမိန့်ပေးခံထားရသော်လည်း တစ်စုံတစ်ခုကြောင့်ဒေါသထွက်နေဟန်ရှိသော
လီဝူရှင်းက
အနားမယူနိုင်ဟုဆိုကာလျန်မျိုးနွယ်ကိုဖမ်းဆီးနိုင်မည့်သက်သေကိုခဏတွင်းချင်း၌ရှာဖွေယူဆောင်လာခဲ့သည်။ ခန့်မှန်းချက်အရဆိုလျင် လိီဝူရှင်းထံ၌ထိုသက်သေကရှိနှင့်ပြီးသားဖြစ်ပြီး ယခုအချိန်မှသာထုတ်ဖော်ပြသလာခဲ့ခြင်းဖြစ်နိုင်ပေသည်။အဘယ်ကြောင့်ဆိုသော်တစ်ပတ်အတွင်း၌လျန်မျိုးနွယ်များ၏စစ်တပ်လေ့ကျင့်ရာနှင့်လက်နက်စုဆောင်းမှုကိုဖော်ထုတ်ရန်ကမလွယ်ကူလှသည်မို့ပင်........။

ဝန်မခံချင်သော်လည်းလီဝူရှင်းသည် သူထင်ထားသည်ထပ်တတ်စွမ်းသောသူတစ်ဦးဖြစ်သည်။အတိတ်ဘဝ၌သူက
ရှန်းခွမ်းဖြစ်ရပ်၌ပင်လီလျန့်နှင့်ဧကရီလျန်ကိုအနိုင်ပိုင်းနိုင်လိုက်ပြီးလီလျန့်ကိုခေါင်းဖြတ်သတ်ဖြတ်ကာအဆုံးသတ်နိုင်ခဲ့သည်။သို့သော်
ဧကရီလျန်.....။သူမကိုတော့
လီဝူရှင်းကအဆုံးမသတ်ခဲ့ပါချေ။ လူအများကအဘယ်ကြောင့်ဆိုသည်အား အကြောင်းအရင်းရှာမရသော်ငြား
တစ်နေ့ ချိုးယင်အဆောင်သို့ အရက်မူးကာရောက်လာသည့်လီဝူရှင်းသည်ကား ယီကွမ်းကိုအားလုံးဖွင့်ဟခဲ့သည်။ သတ်ပစ်ချင်လောက်အောင်မုန်းသော်လည်းထိုမိန်းမကသူ၏မိခင်အရင်းဆိုသည့်အသိစိတ်ကလှိုက်စားကာ သတ်ပစ်နိုင်ခြင်းမရှိကြောင်း၊ ထိုမိန်းမကိုသတ်ပစ်ရန်အတွက် သူ့အနေနှင့်အဘယ်ကြောင့်တုံ့ဆိုင်းနေရသနည်းနားမလည်နိုင်ကြောင်း ယီကွမ်းထံသို့
ဖွင့်ဟလာခဲ့သည်။
ထိုအချိန်က ယီကွမ်းမှာလီဝူရှင်းကိုနှစ်သိမ့်ပေးရုံသာတတ်နိုင်ခဲ့သည်။အဘယ်ကြောင့်ဆိုသော်ထိုအချိန်တုန်းကသူမှာကောင်းသည်ဆိုးသည်ပြောဆိုနိုင်သည့်အခွင့်အရေးမရှိသည်မို့ပင်.......။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now