အခန်း-(၅၅)

2.6K 290 5
                                    

သေရည်တစ်ခွက်နှင့်ရင်ဖွင့်ချက်

ဧကရီလျန်ကိုသူမထိုက်သင့်သည့်ပြစ်ဒဏ်ကိုပေးအပ်ပြီးနောက် ယီကွမ်းသည် လင်းဟွေ့အဆောင်၌အမြဲတစေတစ်ဦးတည်းထိုင်ကာအတွေးများနေလေ့ရှိသည်။ ထိုသို့မှမဟုတ်လျင် ချန်ချင်းမည်သည်သူ၏ဗျပ်စောင်းကို
တီးခတ်ကာ အချိန်ကုန်လေ့ရှိနေပေ၏။ သူ၏သီးသန့်နေတတ်ခြင်းမှာထူးဆန်းသည့်အလေ့အထမဟုတ်သော်လည်း တစ်စုံတစ်ခုကိုတွေဝေကာအခက်တွေ့နေသည့်ခံစားချက်ကို ယီကွမ်းကိုငယ်ငယ်ကတည်းကခစားခဲ့သော မိအာနှင့်ပိအာမှာအနည်းငယ်ရိပ်မိနေခဲ့ပေသည်။သို့သော်သူမတို့မှာမေးမြန်းနိုင်ခြင်းမရှိပါချေ။အဘယ်ကြောင့်ဆိုသော် သူမတို့၏အရှင့်သားမှာယခုချိန်ထိပြောပြလိုစိတ်မရှိသေးသည်မို့ပင်....။

ယီကွမ်းကမူ သမားတော်ဟန်ချင်းထံမှစစ်ဆေးမှုကိုခံယူပြီးနောက် သမားတော်ဟန်ချင်းကတိုးတက်လာမှုနှင့်၊ဆောင်ရန်ရှောင်ရန်များကို ပြောပြသည်ကိုငြိမ်သက်စွာနားထောင်နေခဲ့သည်။ ယီကွမ်းသည် သမားတော်ဟန်ချင်းကလီဝူရှင်းလက်အောက်မှလူဖြစ်သော်လည်း ထိုသူကိုအတော်သဘောကျမိသည်။ သမားတော်ဟန်ချင်းက လူနာနှင့်ပတ်သတ်၍ အသေးစိတ်ဂရုစိုက်ပေးကာ လူနာ၏အရေးကိစ္စများနှင့်ပတ်သတ်၍လည်းစွက်ဖက်တတ်ခြင်းလည်းမရှိပေ။ စိတ်ထားနူးညံ့ကာသဘောကောင်းသည့်စရိုက်လက္ခဏာရှိပြီးစကားပြောပြေပြစ်သည်မို့ ယီကွမ်းက သူ၏ရောဂါကိုကုသနိုင်သည်ဖြစ်စေ၊မကုသနိုင်သည်ဖြစ်စေ သမားတော်ဟန်ချင်းကိုလွန်စွာသဘောကျမိရသည်။ယခုလည်း သမားတော်ဟန်ချင်းက သူ့ကိုဂရုစိုက်ရန်မှာကြားလာမှုများကို ယီကွမ်းကဂရုတစိုက်နားထောင်နေခဲ့မိပေ၏။

"ကူအတွက်အဆိပ်နဲ့ထိန်းထားတာကကောင်းပေမယ့် တန်ဆေးလွန်ဘေးဖြစ်မှာစိုးလို့နည်းနည်းဂရုစိုက်ပေးပါ။
ဝမ်ဖေး မဟုတ်ရင် ဝမ်ဖေးရဲ့ခန္ဓာကိုယ်ကိုပဲအကျိုးသက်ရောက်လာပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်နည်းလမ်းရှာနေတာကလည်းလမ်းစတွေ့ပြီမို့ မျှော်လင့်ထားလို့ရပါတယ်။ "

"ကျေးဇူးတင်ပါတယ်။ သမားတော်ဟန် ကျွန်တော်ဂရုစိုက်ပါ့မယ်။ "

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now