အခန်း-(၂၉)

5.2K 546 29
                                    

"သိမ်မွေ့ညင်သာသောဗျူဟာ
အကျည်းတန်သောချစ်ခြင်း"


"အဲ့ဒီတော့ ယန်တိုင်းပြည်အိမ်ရှေ့စံက ဒီကိုချစ်ကြည်ရေးအနေနဲ့လာမှာပေါ့ "

"ဟုတ်ပါတယ်။ "

"ဘယ်လောက်တောင်တိုက်ဆိုင်လိုက်လဲ။
လီဝူရှင်းစစ်ထွက်သွားခါနီးမှ ဒီယန်မင်းသားနဲ့တွေ့ဖို့လုပ်တယ်ပေါ့။ အိမ်ရှေ့စံက ကိုးပြည်ထောင်ထဲက ရသမျှမဟာမိတ်ကိုစုဖို့အကြံရှိနေပုံရတယ်။ "

ညအခါသမယ
တိတ်ဆိတ်နေသောလင်းဟွေ့အဆောင်တွင်း၌ ယီကွမ်းသည်ခုံထက်၌ပျင်းရိစွာထိုင်ရင်း ရှောင်လန်၏အမွှေးများကိုပွတ်သပ်ပေးနေလျက်မှ ခပ်တိုးတိုးဆိုလာခဲ့သည်။
ထျန်းပေါင်ကယီကွမ်း၏စကား၌ခဏစဥ်းစားဟန်ပြုပြီးမှ သူ၏ခေါင်းဆောင်ထံသို့မေးမြန်းလာခဲ့၏။

"အဲ့တော့ခေါင်းဆောင်ဘာဆက်လုပ်ချင်ပါသလဲ?"

"အိမ်ရှေ့စံယန်လျန်ဖုန်းက မိဖုရားခေါင်ကမွေးဖွားလာတဲ့သူပေမယ့် အရမ်းတုံးအတယ်လို့ကြားဖူးတယ်။ သူဒီကိုလာတာက ယန်တိုင်းပြည်က အခြားသူတွေရဲ့အခွင့်ကောင်းရောမဖြစ်နိုင်ဘူးလား "

"ခေါင်းဆောင်ဆိုလိုချင်တာက ယန်တိုင်းပြည်ကအခြားမင်းသားတွေကိုပြောချင်တာပါလား "

"သေချာတာပေါ့ "

ယီကွမ်းက စားပွဲထက်မှ
သူ့အတွက်ပြင်ဆင်ထားသောဆေးကို အေးဆေးစွာသောက်လိုက်ရင်း အဖြေပြုလာခဲ့သည်။ သူ၏နှုတ်ခမ်းထက်၌မူ အမည်ဖော်မရသောအပြုံးတစ်ခုကရှိနေခဲ့ပေ၏။

ယန်တိုင်းပြည်မှာလည်းလီတိုင်းပြည်ကဲ့သို့ပင်။ မင်းသားများပေါများသည့်တိုင်းပြည်ဖြစ်ပြီးထီးနန်းအရိုက်အရာကိုလုယက်ချင်နေသည့်သူကပေါများလှပေ၏။ အိမ်ရှေ့စံယန်လျန်ဖုန်းက မိဖုရားခေါင်မှမွေးသည့်သားပေမို့ထီးနန်းအရိုက်အရာဆက်ခံမည့်အိမ်ရှေ့စံနေရာသို့ရရှိလာခဲ့သော်လည်း ကောလဟာလများအရ သူကအလွန်
တုံးအသည်ဟုအဆိုရှိကြပေ၏။ ယခင်ဘဝ၌လည်း သူကလီတိုင်းပြည်သို့အလာ လုပ်ကြံမှု၌အသက်ပေးလိုက်ရပြီး ယန်တိုင်းပြည်မှထက်မြက်ကာ
ကောက်ကျစ်သည့်မင်းသားလေးကနန်းတက်သွားခဲ့သည်။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now