အခန်း(၄)

9.4K 1.3K 21
                                    




"သံသရာစက်ဝန်း"
(Unicode)


မီးရှူးမီးပန်းများပစ်ဖောက်ချိန်...။
ဗျောက်အိုးများ ဆူညံစွာဖောက်လွှတ်နေကြချိန်၌  ရန်ချင်းဝမ်အိမ်တော်သည် အနီရောင်များဖြင့်သာ ပြည့်နှက်နေခဲ့၏။ ရွှေရေးစာလုံးကြီးကြီးဖြင့် မဂ်လာဟူသည့် စာလုံးကိုရေးထိုးထားပြီး မည်သူပင်ကြည့်ကြည့် ဤသည်က ထိမ်းမြားမဂ်လာပွဲမှန်း အတပ်ပြောနိုင်ပေသည်။  သို့သော် ရယ်မောနေကြသူများထက်  ရန်ချင်းဝမ်အိမ်တော်ရှေ့၌ မြောက်မြားလှစွာသော မိန်းမလှလေးများက ငိုချင်းချနေကြပေ၏။ ရန်ချင်းဝမ်၏ မဂ်လာသည်မဖြစ်သင့်ကြောင်း၊ သူမတို့ ရင်နာရကြောင်း အစရှိသဖြင့် ငိုယိုပေါက်ကွဲနေကြပြီး  သူမတို့သာမက
မည်သူကမှပျော်ရွှင်ဟန်မရှိကြပါချေ။

ယီကွမ်းသည်လည်း
ရန်ချင်းဝမ်နှင့်အတူတကွ
သုံးကြိမ်သောမောင်နှံယှဥ်တွဲ ဂါရဝပြုပြီးချိန်၌  မဂ်လာခန်းတွင်း၌ မသိမသာ ငိုကြွေးနေမိခဲ့သည်။ သူသည် ဤအရာကို အိပ်မက်ဟုသာထင်မှတ်ခဲ့သော်လည်း အမှန်တစ်ကယ် အကောင်အထည်ပေါ်လာခဲ့ပြီး သူက ရန်ချင်းဝမ်၏ ဝမ်ဖေးဖြစ်လာခဲ့ပေပြီ။ သို့သော် ရန်ချင်းဝမ်ကမူ သူတို့နှစ်ဦး၏မဂ်လာဦးည၌ ပေါ်မလာခဲ့ပါချေ။ တစ်စုံတစ်ဦးထံသို့ သွားလေသလာ....။
သူ့ထံ၌ ချစ်ရသူရှိလေသလော..။
သို့လောလောနှင့် ဖြစ်နိုင်ချေများကို စဥ်းစားမိသည့်အခိုက် ယီကွမ်း၏မျက်ရည်များက တားမရဆီးမရစွာ ပြိုဆင်းလာရသည်။

ယီကွမ်းမှာ အသံမထွက်အောင် ကြိတ်ငိုနေမိသည့်အခိုက် အုပ်မိုးထားသည့် မဂ်လာပဝါနီက တစ်စုံတစ်ဦး၏ လွှတ်ပစ်မှုကြောင့်
မြေခသွားရပြီး  မျက်ရည်များကြားမှ အားယူကြည့်ရှုမိသည့်အခါ သူချစ်ရသော ရန်ချင်းဝမ်ဖြစ်နေခဲ့သည်မို့ မျက်ရည်များက ပို၍ပြိုဆင်းလာရသည်။ သို့ပေသိ သူချစ်ရသော ရန်ချင်းဝမ်ကမူ သူ့ကိုစိတ်ပျက်ဟန်ဖြင့် ကြည့်ရှုလာပြီး ရင်ဘတ်အတွင်းမှ လက်ကိုင်ပဝါဖြင့် မျက်ရည်အပြည့်ဖြင့် မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်သပ်လာပေ၏။

"ဘာလို့ငိုနေတာလဲ! မင်းက ယောကျာ်းမဟုတ်ဘူးလား?"

"ရန်... ရန်ချင်းဝမ်..."

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now