အခန်း(၁)

12.2K 1.4K 32
                                    


(Unicode)

||Lost Love||

"အတိတ်သို့ ပြန်လည်ရောက်ရှိခြင်း"

ချစ်ခြင်းသည် ထိုနေ့၌ပင် အဆုံးသတ်ခဲ့၏။

အမုန်းတရားသည် ထိုနေ့၌ပင် မွေးဖွားခဲ့၏။

ခံစားချက်တို့သည် ထိုနေ့၌ပင် သေဆုံးခဲ့၏။

မျက်ရည်တို့သည်လည်း ထိုနေ့၌ပင် ခမ်းခြောက်ခဲ့၏။

ခံစားချက်မဲ့သည့် မျက်ဝန်းတစ်စုံ....။

နင်းခြေဖျက်စီးခဲ့သော သိက္ခာတရား...။

မည်သူမှ ပြန်လှည့်မကြည့်သည့် အပေါစားဆန်သည့် ချစ်ခြင်းတစ်ခု.....။

ထိုချစ်ခြင်းအား ထမ်းပိုးထားရခြင်းသည် သေလုနီးပါး လေးလံသည်။ မွန်းကြပ်သည်။

အဆုံးသတ်၌မူ
သူတစ်ဦးတည်းပိုင်ဆိုင်သည့် ဤချစ်ခြင်းတရားအား သူကိုယ်တိုင်ပင် လွှတ်ချခဲ့ရတော့၏။

"လီဝူရှင်း!! ငါမင်းနဲ့ ဘယ်တော့မှ ထပ်မတွေ့နိုင်ဖို့ဆုတောင်းမိတယ်။ ဘဝဆက်တိုင်း ငါနဲ့မင်းဟာ
ဘယ်သောအခါမှ မပတ်သတ်မိပါရစေနဲ့!!"

ဓါးသွား၏ အေးစက်စက် ဖြတ်တောက်မှု....။
ရန်ချင်းဝမ်ခေါ် လီဝူရှင်း၏
အံအားသင့်နေသည့်အသွင်အပြင်....။
ရဲရဲနီသည့်သွေးများ....။
လှပသော နီစွေးစွေး
ဇာမဏီမဂ်လာဝတ်ရုံတော်...။
ချိုးယင်ဆောင်မှ
နီရင့်သော မေပယ်လ်ရွက်များ...။
အမှောင်အတိကျသွားရသော
တိတ်ဆိတ်မှု....။

"အ!"

"မင်းသားလေး နိုးလာပြီလား? ခေါင်းကိုက်နေသေးလား။"

ယီကွမ်းသည် ကြားနေရသောအသံများကြောင့် စိတ်ရှူပ်ထွေးမှုများ ကြားမှ မျက်ဝန်းကိုအသာဖွင့်ကြည့်လိုက်မိသည်။
မြင်ကွင်းထဲ အလျင်မြင်လိုက်ရသည်က မေပယ်လ်ရွက်သဏ္ဍာန်ရေးထိုးထားသည့်  မျက်နှာကြက်မှ ပေါင်းမိုး...။
ထိုရင်းနှီးနေသည့် မေပယ်လ်သဏ္ဍာန်ကြောင့် ယီကွမ်းဘေးသို့ စောင်းကြည့်မိသည့်အခါ
အမျိုးသမီးဆန်ဆန် အခန်းအပြင်အဆင်ကြောင့် ရုတ်တရက် ဆွံ့အသွားမိရ၏။
  ဤခန်းဆောင်သည်ကား မည်သို့မျှမမှားနိုင်ချေ။
သူ၏ ချီစစ်နန်းဆောင်ပင်ဖြစ်၏။
ယီတိုင်းပြည် သူ၏တစ်ခုတည်းသောအိမ်....။ ဘာတွေဖြစ်နေပါသနည်းဟု ဆန်းစစ်နေမိသည့်အခိုက် ကလေးတစ်ဦးကဲ့သို့ အသံစာစာလေးက
ယီကွမ်း၏ ရှုပ်ထွေးနေသည့်
စိတ်အစုံကိုလှုပ်နိုးလိုက်ပေ၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now