အချစ်ဆိုသော ထိုအရာ.35(Ending)

2.2K 62 4
                                    

" သားနဲ့ကိုကို... အိမ်ပေါင်းနေတော့မလို့..အဲ့တာလာပြောတာ..."

" အဟွတ်..အဟွတ်..."

ခြံထဲမှာ ကော်ဖီဝိုင်းစထိုင်ပြီဆိုတာနှင့် ဆိုင်းမဆင့်ဗုံမဆင့်ပြောလိုက်တဲ့ အဓိကစကားကြောင့် တာရာကော်ဖီပင်သီးတော့သည်။ ကိုကိုပြောတာ ကိုမစောင့်ဘူးကွာ ပြောချလိုက်ပြန်ပီ ဒဲ့တိုးတွေ။
တာရာကပျာကယာပင် ဖြေရှင်းရတော့သည်။

" ဟို..အန်ကယ်နဲ့အန်တီ ဒါကဒီလိုပါ...
အိမ်ပေါင်းနေမယ်ဆိုတာကလေ..ကျွန်တော်တို့က..ဘယ်လိုပြောရမလဲ...ဟိုလေ...ဟိုလိုမဟုတ်...ဒါပေမဲ့..."

တာရာ့ဆီက. အထစ်ထစ်အငေါ့ငေါ့ အစီစဉ်မကျစွာထွက်လာတဲ့စကားတွေကိုကြည့်ပြီး ဦးမြတ်မိုးလွင်နှင့်ဒေါ်မိုးသူဇာ အားရပါးရပင် ရယ်မောလိုက်မိသည်။ဒီကလေးကိုဒါကြောင့် အဓိကကတွယ်တာနေတာပဲ။ တစ်ကယ်ရိုးအေးပြီး ချစ်စရာကောင်းတဲ့ကလေးပဲ။

" အန်ကယ်တို့ နားလည်ပါတယ်ကွာ...အန်ကယ်တို့ကိုအလုံးစုံရှင်းပြစရာမလိုပါဘူး....မင်းတို့လဲအရွယ်ရောက်ပြီးသားလူငယ်တွေပဲလေ..မင်းတို့ဆုံးဖြတ်နိုင်မှာပါ..."

" ဟုတ်ကဲ့...ကျွန်တော်တို့ကခွင့်လဲတောင်းရင်း အသိပေးတာပါ...."

တာရာ့အာရုံကလူကြီးတွေဆီမှာရောက်နေတာကြောင့် သူ့ဘေးကနေဦးမြတ်မိုးလွင်ကို မျက်စိမှိတ်ပြနေတဲ့အဓိကကိုသတိမထားမိလိုက်ပေ။ ဒေါ်မိုးသူဇာကတော့ မြင်ဖြစ်အောင်မြင်လိုက်သည်။

အမယ် တစ်သက်လုံးစကားတောင်ကောင်းကောင်းမပြောခဲ့တဲ့သူကို မျက်စိတွေဘာတွေမှိတ်ပြနေသော သားဖြစ်သူကြောင့် သူမသဘောပေါက်သွားရတော့သည်။
ဒီကလေးကို သားဖြစ်သူဘယ်လောက်တောင်ချစ်သည်မသိ။

တစ်အိမ်ထဲအတူတူနေရဖို့အရေး မလုပ်ဘူးတာတွေပါ လုပ်နေတော့သည်။
အခုအချိန်ကအခွင့်အရေးပဲလေ ဒေါ်မိုးသူဇာလည်း အခွင့်အရေးကိုအမိအရအသုံးချလိုက်သည်။

" ဒီအိမ်မှာ လာနေရင်ရော..."

" ဟာ မနေချင်ပါဘူးမေမေရာ..ကျဉ်းကြပ်လို့.."

" ဒီမှာ အကျယ်ကြီးလေ...အိမ်မှာအခန်းလွတ်တွေမှအများကြီး..."

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now