အချစ်ဆိုသော ထိုအရာ. 16

2.4K 171 3
                                    

နွေးထွေးလွန်းသော ချိုမြိန်လွန်းသော ခံစားချက်နှင့်အတူ ခန္တာကိုယ်တစ်ခုလုံးကလျှပ်စစ်ဖြတ်စီးသလို ခံစားချက်ကြီးကြောင့် တာရာသတိလက်လွတ်အနေအထားမှ သတိပြန်ဝင်လာပြီး အဓိကကို တွန်းခွာလိုက်မိသည်။

"အဓိက. မင်းဘာလုပ်  ..."

စကားပင်မဆုံးလိုက် နောက်တစ်ကြိမ်ဆွဲပြီး သူ့ကိုပါးစပ်ပိတ်လိုက်သော အဓိက ကြောင့် တာရာခြေတွေလက်တွေပင် အေးစက်လာသည်အထိ ရင်ခုန်သံတွေမြန်ဆန်လာရပြန်သည်။ ဒီတစ်ခါတော့ တာရာဘယ်လိုပင်ရုန်းကန်နေပါစေ သန်မာလွန်းလှသော အဓိကလက်တွေက သူ့ပါးပြင်နှစ်ဖက်ကို မြဲမံစွာထိန်းချုပ်ထားတာကြောင့်ဘယ်လိုမှပင် မလွတ်မြောက်နိုင်တော့ပေ။

" ကိုကို "

ရှည်ကြာသော အနမ်းတစ်ခုကိုစီးဆင်းပြီးနောက် နူးညံစွာခေါ်လိုက်သော အဓိကအသံကြောင့် တာရာစိတ်နှင့်လူအမြန်ပြန်ကပ်လိုက်ရသည်။ ဒီကောင်လေးအခုဆေးစားများမှသွားတာလား။ ငါ့ကို...ငါ့ကို

"ကျွန်တော့်ကို စိတ်ဆိုးလား "

မျက်နှာငယ်လေးနှင့်မေးလာသော အဓိက ကိုကြည့်ပြီး တာရာဘယ်လိုမှပင် စိတ်တွေ တင်းမထားနိုင်တော့ပေ။ သူစိတ်ဆိုးသွားမှာစိုးရိမ်လွန်းနေတဲ့ မျက်ဝန်းလှလှလေးတွေက မျက်ရည်ကြည်လေးတွေတောင်ဝေ့သီနေသယောင်။ သူအမြဲတမ်းငေးကြည့်ခဲ့ရသော  အဓိက၏ကြည်လင်ဖူးနူးလှသော နှုတ်ခမ်းပါးလေးကတဆတ်ဆတ်တုန်ယင်လျှက်ရှိနေသည်။ 

ဒီတစ်ကြိမ်မှာတော့ တာ့ရာ့ဘက်ကစတင်ပြီး အပြစ်ပေးလိုက်မိတော့သည်။ ဒီနှုတ်ခမ်းပါးလေးတွေကပဲ သူ့ကိုအသိစိတ်တွေ လွတ်ထွက်သွားအောင်လုပ်နိုင်တာတော့အဖြစ်မခံနိုင်ပေ။ သူ့ဘက်ကလဲပြန်ပြီးလက်စားချေသင့်သည်မဟုတ်လား။

အဓိက၏ရှည်သွယ်နူးညံ့လှသော လက်ချောင်းလေးများက  သူ့ကိုလွတ်ထွက်သွားမှာစိုးသည့်အလား တင်းကြပ်စွာပြန်လည်ဖက်တွယ်လာခဲ့လေသည်။ လှပလိုက်တာ...တောင်ခြေလမ်းကရှုခင်းတွေက အရင်ထဲကပင်လှပလွန်းနေသည်လား။ သူတို့နှစ်ဦး၏ ရင်ထဲကအချစ်တွေကြောင့်ပဲ ပိုပြီးလှပနေခဲ့ခြင်းပေလား။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now