အချစ်ဆိုသော ထိုအရာ. 19

2.1K 162 6
                                    

ဒီနေ့နဲ့ဆို  ကိုကိုနှင့်မတွေ့ရတာ တစ်ပတ်ပင်ကျော်ပြီဖြစ်သည်။ နေ့တိုင်းဖုန်းဆက် message ပို့ရုံသာတတ်နိုင်ခဲ့သည်။

ညဘက်လေးသွားတွေ့မယ်ဆိုရင်တောင် သူ့အိမ်ရှေ့မှာရော ကိုကို့အိမ်ရှေ့မှာပါ စောင့်ကြည့်နေတဲ့ကင်းပုန်းတွေကြောင့် လှုပ်ပင်မလှုပ်ရဲပေ။ လွမ်းတဲ့စိတ်နဲ့ ရူးမတတ်ပင်ဖြစ်နေရလေသည်။

နေ့တိုင်းညတိုင်း အသံလေးနှင့်ပဲဖြေသိမ့်နေရတဲ့ဘဝတွေဖြစ်ခဲ့သည်။ video call တော့မခေါ်ဖြစ်ခဲ့ပေ။ အသံကြားရုံနဲ့တောင်ပြေးတွေ့ချင်စိတ်ကရူးမတတ်ဖြစ်နေခဲ့ရတာ။ ဖုန်းထဲနေမျက်နှာလေးသာမြင်နေရပြီး အပြင်မှာပြေးတွေ့လို့မရလေသောကြောင့် အမှန်တစ်ကယ်ရူးသွားနိုင်သည်။

ဒီနေ့ရက်တွေကို ဘယ်လိုကျော်ဖြတ်ရမလဲ။ ကြာကြာတောင့်မခံနိုင်ဘူးဆိုတာ  သူသိနေသည်။ ကိုကိုနဲ့ ဒီထက်ပိုဝေးကွာသော အနေအထားရောက်မှာ စိုးရိမ်လွန်းသောကြောင့်သာငြိမ်နေရသည်။
သူဘယ်လိုမှ နေလို့ထိုင်လို့မရပေ။ အရင်စိတ်နဲ့ဆို စိတ်စေရာအတိုင်းလုပ်ပြီးခဲ့လောက်ပြီဖြစ်သည်။

အခုကတော့ချစ်ရတဲ့သူထိခိုက်မှာကို ပိုပြီးစိုးရိမ်​နေရတဲ့အနေအထားကြောင့် ကြိတ်မှိတ်နေရသည့်ဖြစ်ခြင်းပင်။နေ့တိုင်းနေ့တိုင်း ခြောက်လကျော်လောက် မခွဲပဲတတွဲတွဲ နေလာခဲ့တာမဟုတ်လား။အရင်ကတောင် တစ်ရက်မတွေ့ရရင် တစ်ရက်လစ်ဟာနေတတ်တာ။ အခုလိုသူ့ခံစားချက်ကိုယ့်ခံစားချက် သိသွားကြတဲ့အချိန်မှာ
ခွဲခွာနေရတာဟာ ငရဲကျတာထက်ဆိုးလွန်းတဲ့ ခံစားချက်ပဲဖြစ်လေသည်။

" Arrrrrrrrrrr......shit "

အတွေးပေါင်းစုံနှင့် သူစိတ်ပေါက်ပေါက်နှင့် အာခေါင်ခြစ်အော်လိုက်မိတော့သည်။ ဆိုးတယ် ..ဆိုးတယ်..တော်တော်ဆိုးတယ်..အရမ်းဆိုးတယ်။အရမ်းကိုဆိုးရွားလွန်းတဲ့ခံစားချက်ကြီးပဲကွာ…….

…………………………..

" မင်း သူနဲ့ ... တွဲရမယ် "

ဓာတ်ပုံတစ်ပုံကို သူ့ရှေ့သို့ထိုးပြပြီး ပြောလိုက်တဲ့ဦးကောင်းကြွယ်ကြောင့်  တာရာထိတ်လန့်တကြားမော့ကြည့်လိုက်မိသည်။ ဒီလူကြီးဘာတွေကြံစည်နေတာလဲ။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now