အချစ်ဆိုသော ထိုအရာ.03

3.6K 238 5
                                    

"တာရာ… မင်းကိုအမမေးချင်တာတစ်ခုရှိတယ် ၊ မင်း ဒီဝတ္တုကိုဖတ်ဘူးတယ်မဟုတ်လား "

"ဟုတ် …ဖတ်ဘူးတယ် မမီ"

"မင်းတစ်ခါပြောဘူးတယ်လေ၊ ဒီဝတ္တုမှာ မင်းကိုနီတိမောင်က တော်တော်လေးလွှမ်းမိုးတယ်လို့၊ အမအဲ့ဒီစကားလေးကိုမှတ်မိနေလို့ ဒီနေရာအတွက် မင်းကိုအရင်ဆုံး အခွင့်ရေးပေးဖို့ စဉ်းစားလိုက်တာ၊
ကဲ …အမကိုပြောပါအုံး နီတိမောင်ဆိုတဲ့ကောင်လေးအပေါ်  မင်းရဲ့အမြင် "

တာရာတစ်ချက်ပြုံးလိုက်ရင်း ….

"ဟုတ် မမီ ...နီတိမောင်ဆိုတာ ကျွန်တော့အတွက်တော့ကျွန်တော့်ရဲ့စိတ်ကို အလွှမ်းမိုးနိုင်ဆုံး ဇာတ်ကောင်တစ်ခုပဲ၊ My Sunshine ကိုဖတ်နေတဲ့အချိန်မှာကျွန်တော်တွေးမိတာတစ်ခုက နီတိမောင်ဟာ
သူ့ဘဝမှာ ဆုံးရှုံးရတာတွေ အနစ်နာခံရတာတွေများတယ်၊ ဒါပေမဲ့သူ့ကိုနားလည်မဲ့သူ တစ်ယောက်မှမရှိဘူးလို့ သူ့ကိုယ်သူထင်နေခဲ့တဲ့ နိုင်းကို သူတစ်ဘဝလုံးစာချစ်ပေးခဲ့တယ်…အရာအားလုံးကို စွန့်လွှတ်ပြီးတော့ပေါ့... ဒါပေမဲ့ကျွန်တော်ကတော့ မချစ်ဘူးသေးဘူးနော်...ကျွန်တော် အဲ့လိုမျိုး နီတိမောင်ရဲ့ နိုင်းအပေါ်ထားတဲ့အချစ်မျိုးနဲ့ ကျွန်တော်တစ်စုံတစ်ယောက်ကို ချစ်ကြည့်ချင်သေးတယ်..."

"ပြီးတော့ နယ်ကနေတက်လာပြီး...သူချစ်တဲ့သူနဲ့နီးနီးကပ်ကပ်အလုပ်လုပ်ချင်လို့ ကြိုးစားခဲ့ရတဲ့နီတိမောင်ရဲ့ အတိုက်အခံ ထိုးနှက်ခံရမှုတွေ....ကျွန်တော်နဲ့ ပုံစံချင်းတော့မတူဘူးပေါ့...သူကတော့ကျွန်တော့်ထက်ကံကောင်းပါတယ်...သူ့ဘေးမှာ သူချစ်တဲ့နိုင်း ရှိနေခဲ့တယ်...
မမီလဲသိမှာပါ၊ ကျွန်တော်ဒီနေရာမှာ ဘယ်လိုရပ်တည်ခဲ့ရလဲဆိုတာ၊ ကျွန်တော့်ဘက်မှာ တစ်ဦးတစ်ယောက်မှ မရှိခဲ့ဘဲ ကျွန်တော့ရဲ့ ရာခိုင်နှုန်းနည်းနည်းလေးရှိတဲ့ပရိသတ်ကြောင့် ကျွန်တော်ဒီနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ၊ ကျွန်တော်ထင်တယ် နီတိမောင်ရဲ့ ခံစားချက်တွေက ကျွန်တော်နဲ့တစ်ထပ်တည်း ထပ်တူမကျရင်တောင် တူညီတာတွေတော့ရှိနေတယ်ဆိုတာ "

ပြောနေရင်း ဝဲတက်လာတဲ့မျက်ရည်စက်များကို မေးကြောတွေထောင်နေအောင် အံကြိတ်ရင်း ရှေ့ဆက်ကျမလာအောင် ထိန်းလိုက်မိသည် ။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now