အချစ်ဆိုသော ထိုအရာ. 15

2.4K 182 2
                                    

နောက်ဆုံးလက်ကျန် scene ကို ပြင်ဦးလွင်မှာသွားရိုက်ရမည်ဖြစ်သည်။ တာရာနှင့် အဓိက ပထမဆုံးအကြိမ် အတူတူခရီးဝေးသွားဖြစ်ခြင်းဖြစ်တာကြောင့် နှစ်ယောက်လုံးပျော်နေကြသည်။

"ကိုကို shotting ပြီးရင် လျှောက်လည်မယ်နော် "

"အင်းပါ ..."

ရန်ကုန်လေဆိပ်ကနေ စထွက်တည်းက လျှောက်လည်ဖို့ပြောတဲ့အပြောက. ဒီနေ့ shotting နောက်ဆုံးရက်ရောက်သည်အထိ အဓိကတစ်ယောက်မနားတမ်းပြောနေတာ မ​မောသေးဘူးလားမသိပေ။

ဒီနေ့တော့ နောက်ဆုံးရက်က ပြင်ဦးလွင် ဓာတ်တော်ချိုင့်ရေတံခွန်ရဲ့ အပေါ်ဘက် မှာရိုက်ရတာဖြစ်သည်။

နေ့လည်သူတို့ scene ပြီးတာနှင့် အဓိကတစ်ယောက် ရေတံခွန်အောက်ခြေသို့ဆင်းရန် ပူဆာလေတော့သည်။

တာရာလဲပူဆာနေတာကိုနားမခံနိုင်သည့်အဆုံး တစ်ဖွဲ့လုံးသတိမထားမိခင် သူတို့နှစ်ယောက် ရေတံခွန်အောက်ခြေသို့ ဆင်းလာခဲ့ကြသည်။

ရေတံခွန်အောက်ခြေသို့ ကားဖြင့်သွား၍ မရ ဆိုင်ကယ်သွားရန် လမ်းကျဉ်းလေးရှိသော်လဲ ခြေလျင်ဆင်းချင်သည်ဆို၍ တောလမ်းကနေပဲ ဆင်းလာခဲ့ကြသည်။

အဆင်းလမ်းတစ်လျှောက် သာယာလွန်းလှကာ ရာသီဥတုကလဲ ကြည်လင်နေပြီးကျေးငှက်သံများနှင့် စိတ်ကြည်နူးဖွယ် ကောင်းလွန်းနေခဲ့တာ။ လူသူတော့ ကင်းလှသည်။ ခြေလျင်လမ်းကနေသွားလာသူသိပ်မရှိပေ။

" ကိုကို... "

"အင်း... "

ခေါ်သံကြောင့် သူလှည့်ကြည့်လိုက်တော့ အဓိကတစ်ယောက် သစ်ကိုင်းကျိုးတစ်ခုကိုကိုင်ထားပြီး သူ့ကိုလှမ်းပေးနေသည်။

" ရော့ ဒါနဲ့ထောက်ဆင်း တောင်အဆင်းဆိုတော့ ဒူးတွေတုန်တယ်မလား "

"မင်းကရော "

တာရာ လှမ်းယူရင်းမေးလိုက်သည် ။

" ကျွန်တော့် တောင်ဝှေးကဒီမှာလေ "

ဟုဆိုကာသူ့လက်မောင်းကိုရုတ်တရတ် တွဲခိုလိုက်သောအဓိကကြောင့် တာရာတစ်ယောက် ရင်တွေပင်တဒိတ်ဒိတ်ခုန်သွားရသည်။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now