အချစ်ဆိုသော ထိုအရာ. 27

2.2K 143 0
                                    

" ဟာ ဘာလို့ဆိုင်ကယ်နဲ့လာတာလဲ
လူတွေမြင်ကုန်မှာပေါ့.. ကားနဲ့လာပါဆိုတာကို..."

အိမ်ရှေ့ထွက်ထွက်ချင်းမြင်လိုက်ရတဲ့ ဆိုင်ကယ်ကိုမှီပြီး ရပ်နေတဲ့သကောင့်သားကြောင့် အတွေးဖြင့်မလုံမလဲဘေးဘီကြည့်မိ၏။

" လာတက်...သွားမယ်.."

" အတင့်ရဲလှချည်လား  ဘိုဓိ.....ဘာအားကိုးနဲ့ အဲ့လောက်အတင့်ရဲနေတာလဲ...."

" တက်ပါဆိုဗျာ ကိုပွားကြီးကလဲ..."

"ကြည့်စမ်း အကြီးကိုမခန့်လေးစားနဲ့ပြောပြန်ပြီ....မင်းက ကိုကို့စကားဆိုဘယ်တော့မှနားမထောင်ဘူး ပြောပြန်ရင်လဲ ပွားတယ်ဖြစ်သေးတယ်....
ပွားတော့ရော မင်းဘယ်တုန်းကနားထောင်လို့လဲ "

ပွစိပွစိပြောပြီး သူ့ဆိုင်ကယ်နောက်ကနေ ခါးကိုကျစ်ကျစ်ပါအောင်ဖက်လိုက်လာတဲ့ အဘိုးကြီးအိုပေါက်စလေးဟာ အရမ်းပွားတာပဲ။ပြီးရင် သူမလိုက်ပဲနေနိုင်တာလဲမဟုတ်ပေ။

ဒီတစ်ခါတော့  သူ့ခါးကိုဆိုင်ကယ်ပေါ်တက်တည်းက ဖက်ထားလို့လားမသိဘူး ။ ဆိုင်ကယ်ကိုပုံမှန်လေးပဲမောင်းနေတာကြောင့် ပတ်ဝန်းကျင်အရသာကို ခံစားလို့ရနေသည်။ တံတားပေါ်ကနေ ဖြတ်လာတာဆိုတော့ ဟိုတစ်ခါသွားတဲ့သန်လျင်ဘက်ကမ်းကိုသွားနေတာပဲဖြစ်ရမည်။...

" ကျွီ....."

မှောင်ရိပ်ကျကျမှာထိုးရပ်လိုက်တဲ့ ဆိုင်ကယ်ပေါ်မှဆင်းလိုက်ပြီး  ကမ်းနားစပ်မှာအတူတူလမ်းလျှောက်ရင်း  လေညှင်းခံနေမိသည်။

" အဓိက...."

" ဗျာ....."

အမယ် ဗျာ ဆိုပါလား။ အဓိကထူးပုံကို သဘောကျစွာ တာရာရယ်လေတော့ အဓိကရှက်သွားပုံဖြင့် ခေါင်းကုတ်နေလေတော့သည်။

" ကိုကိုကလဲဗျာ  ဘာရီစရာပါလို့လဲ..."

" မဟုတ်ပါဘူးကွာ.....အမြဲအဲ့လိုပဲ လိမ်လိမ်မာမာလေး ထူးပေးပါလား..... "

" အဟီး....."

သူ့ကိုသွားဖြဲပြီးပြန်ရီပြလိုက်သော အဓိကပုံစံလေးကြောင့် သူအသဲယားစွာဆံပင်တွေကိုဆွဲဖွမိလေတော့သည်။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now