အချစ်ဆိုသော ထိုအရာ. 21

2.2K 156 3
                                    

သူ့ကိုရင့်ရင့်သီးသီးပြောလိုက်သော အဓိကစကားကြောင့် တာရာသူတို့အခြေအနေကို ပြန်သတိဝင်သွားမိသည်။
ဟုတ်သားပဲ အဓိကသူ့ကိုအရမ်းကိုစိတ်ဆိုးနေမှာလေ။

" မင်း ဒီလိုနေရာကိုတစ်ယောက်ထဲမလာသင့်ဘူး.."

"......Ahak"

မခိုးမခန့်ရီလိုက်သော အဓိကအသံက ဟက်ခနဲထွက်လာသည်။
သူ့မျက်နှာမှာတော့ ဒဏ်ရာကနာတာကြောင့်လား၊ ရင်ထဲကနာတာကြောင့်လား ခွဲခြားမရနိုင်တဲ့ နာကျင်မှုအရိပ်အယောင်အချို့ရှိနေခဲ့သည်။

သူ့ကိုတွန်းတိုက်ပြီးထွက်သွားသော အဓိကနောက်သို့ သူလိုက်လာတော့ လူတွေကကွက်ကြည့်ကွက်ကြည့်နှင့် တီးတိုးပြောဆိုနေကြသည်။ ဘာတွေပြောနေလဲ။ ဘယ်လိုအကြည့်တွေနှင့်ကြည့်နေလဲသူမသိတော့ပေ။ သိလည်းမသိချင်တော့။

အခုအချိန်မှာသူသိတာက သူ့ကိုချစ်သော သူကချစ်သောကလေးတစ်ယောက် အခုလိုနာကျင်နေရတာကို သူဆက်ပြီးမကြည့်ရက်နိုင်တော့ပေ။ အဓိကရဲ့တစ်ဇွတ်ထိုးတစ်ဇောက်ကန်းလုပ်ပုံတွေနှင့် သူရွေးချယ်ခဲ့တဲ့လမ်းက... ကောင်းစေချင်ဇောနဲ့ရွေးချယ်ခဲ့ကာမှ ပိုများမှားယွင်းနေခဲ့ပြီလား။

"အဓိက... "

သူခေါ်နေတာကိုလှည့်မကြည့်ပဲ ကယိုင်ကတိုင်ထွက်သွားသောအဓိက။ သူကဆွဲလိုက် အဓိကကရုန်းထွက်သွားလိုက်နှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်  သူတို့အနားကိုကိုနိုင်ရောက်လာပြီး တာရာ့ပခုံးကိုအသာပုတ်ကာ လွှတ်ထားလိုက်ဆိုသောပုံစံပြလေ၏။

ကိုနိုင်ကိုတွေ့မှ တာရာသက်ပြင်းချရင်း ပြန်ရန်ပြင်မိသည်။ သူနှင့်အဓိက ဒီလိုအချိန် ဒီလိုနေရာမျိုးမှာအတူတူရှိမနေသင့်ပေ။ ပြီးတော့ အဓိကသူ့ကိုအရမ်းစိတ်ဆိုးနေသည်မဟုတ်လား။

အိမ်ပြန်ပြီး သူနှင့်အဓိကကြားကဆက်ဆံရေးအတွက် တစ်ခုခုဆုံးဖြတ်ချက်ချနိုင်ရန်စဥ်းစားချင်နေသည်။ ဒီပုံစံအတိုင်းဆက်သွားဖို့ရာတော့ ဘယ်လိုမှမဖြစ်နိုင်ပေ။

" ကိုနိုင်ကျွန်တော်ပြန်မယ် ...အဓိကကိုလွှတ်မထားပါနဲ့ဗျာ "

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now